Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ စစ်ကောင်စီစခန်းနောက်တစ်ခုကို KIA ထိုးစစ်ဆင်

ယနေ့နံနက်သိမ်းရသည့် တီယန်ဇွပ်စခန်းမှ လက်နက်ခဲယမ်းများစွာရဟု စစ်ရေးသတင်းရင်းမြစ်ပြော

ရှေ့တန်းတနေရာရှိ KIA ရဲဘော်များ (ဓာတ်ပုံ - Myu Tsaw Kasa)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းပိုင်းရှိ စစ်ကောင်စီ၏ အင်ဆောပ်(ဆွပ်)ရွာတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်(KPF) ပူးပေါင်းတပ်က ယနေ့(သြဂုတ် ၂ရက်)ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ညနေပိုင်းအထိတိုက်ပွဲ ဆက်ဖြစ်နေသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အင်ဆောပ်ရွာ အောက်ဘက်ရှိ တီယန်ဇွပ်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်က ဩဂုတ် ၁ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ယနေ့နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အင်ဆောပ်ရွာတပ်စခန်းကို ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” တီယန်ဇွပ်စကစ စခန်းကိုဒီမနက်မှာ KIA/KPF ပူးပေါင်းတပ်ဖွဲ့မှ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ။ စစ်သုံ့ပမ်းမရ။ လက်နက်ခဲယမ်းတွေ အမှားကြီး ရပါတယ်။ စခတွေ ထွက်ပြေးသွားတာ။ မနေ့က တနေကုန် တိုက်တာ။ မနေ့ည ထွက်ပြေးသွားကြတယ်။ ‘DaeY အင်ဆောပ်ရွာစကစတပ်စခန်းကိုတိုက်ခိုက်နေပါတယ်။ အခုထိပဲ။တီယန်ဇွပ်အထက်နားကစခန်းပါ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ပြည်သူလူထုကိုအနှောက်အယှက်ပေးနေသည့် တီယန်ဇွပ်ရွာအနီး စစ်ကောင်စီတပ်စွဲရာ စခန်း သုံးခုကို ယနေ့နံနက်တွင် အပြီးသတ်သိမ်းနိုင်ခဲ့ဟု အတည်ပြုသည်။

အဆိုပါတပ်များသည် မြစ်ကြီးနား -ဆွမ်ပရာဘွမ်လမ်း၌ စစ်ရေးလှုပ်ရှားမှုများရိသကဲ့သို့ပူတာအိုဘက်မှလည်း ဆွမ်ပရာဘွမ်ဘက်သို့စစ်အင်အားဖြည့်တင်းမှုများလုပ်ဆောင်ခဲ့၍ တိုက်ပွဲများ ဖြစ်ပွားနေကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။