Connect with us

Hi, what are you looking for?

သတင်း

ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်နေ့ ရန်ကုန်မြို့လှုပ်ရှားမှု

ရန်ကုန်မြို့တွင် တော်လှန်ပြည်သူများက ဦးဆောင်ကာ ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်နေ့အဖြစ် ပုန်ကန်အံတုရန်ကုန်လူထု လှုပ်ရှားမှုကို ယနေ့ (သြဂုတ် ၈) နံနက်က ပြုလုပ်ခဲ့ကြသည်။

သုည/People’s Spring

ရန်ကုန်မြို့တွင် တော်လှန်ပြည်သူများက ဦးဆောင်ကာ ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်နေ့အဖြစ် ပုန်ကန်အံတုရန်ကုန်လူထု လှုပ်ရှားမှုကို ယနေ့ (သြဂုတ် ၈) နံနက်က ပြုလုပ်ခဲ့ကြသည်။

စစ်ကောင်စီမှ လုံခြုံရေးတင်းကျပ်ထားသော ရန်ကုန်မြိုလယ်နေရာများတွင် ‘၈’ဂဏန်းနှင့် ‘ငါတို့အလှည့် ပုန်ကန်အံတုရန်ကုန်လူထု’ ကြွေးကြော်သံများပါသည့် တီရှပ်ဖြင့် ပူပေါင်းအနီများဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ရန်ကုန်လူထုသပိတ်မှ လုပ်ဆောင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းဓာတ်ပုံများကို အဖြူအမဲပြုလုပ်ထားခြင်းသည် အမှောင်ကျနေသည့်တိုင်းပြည်ကို ရည်ရွယ်ခြင်းဖြစ်ပြီး အနီရောင်တစ်ခုကိုသာ ဖော်ပြထားခြင်းသည် လူထုလူတန်းစားတစ်ရပ်လုံး၏ မြင့်မြတ်သော တော်လှန်ရေးကို ရည်ရွယ်ကြောင်း ရန်ကုန်လူထုသပိတ်က ဆိုသည်။

အလားတူ ရွှေတိဂုံဘုရားတွင်လည်း ရှစ်လေးလုံးအရေးတော်ပုံ ၃၆နှစ်ပြည့် နှစ်ပတ်လည်နေ့အဖြစ် စာတန်းချိတ်ဆွဲခြင်းကို ယနေ့ နံနက်က ပြုလုပ်ခဲ့သည်။

တော်လှန်လူငယ်များက “The Future Of Our Nation is in Our Hands”၊ “ငါတို့အနာဂတ်ငါတို့ပိုင်တယ်”၊ “ငါတို့နိုင်ငံရဲ့အနာဂတ်ငါတို့ကိုယ်တိုင်ထုဆစ်မယ်” စာသားကို ချိတ်ဆွဲခဲ့ပြီး ၈၈၈၈ စာသားကိုလည်း ပန်းဖြင့်ပုံဖော်ခဲ့သည်။

ယင်းလှုပ်ရှားမှုကို ရန်ကုန်တော်လှန် ညီနောင် ၄ ဖွဲ့ဖြစ်သော Kyimyindaing Networks_KMD18 ၊ Owl Community၊ Mayangone Democratic Front_MDF နှင့် LinnYoungNi Youth Association_LYNYA အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ – ရန်ကုန်လူထုသပိတ်၊ Owl Community

ဆက်စပ်သတင်းများ

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။