Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ် မီးလောင်ချောင်းရွာစစ်ကောင်စီစခန်းကို PDFပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီနှင့် ပျူစောထီး စခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ယနေ့(သြဂုတ် ၈ရက်)နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီနှင့်ပျူစောထီးစခန်းမှ တွေ့ရသည့် စစ်ယူနီဖောင်း။ ဓာတ်ပုံ - မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း

မိထက်/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီနှင့် ပျူစောထီး စခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ယနေ့(သြဂုတ် ၈ရက်)နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)တပ်ရင်း(၇)၊ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)နှင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းတပ်များက နံနက် ၆နာရီမှစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲပြင်းထန်ပါတယ်။ ၂နာရီလောက်ကြာ တိုက်ရပါတယ်။ မသေဘဲ ကျန်တဲ့ကောင်တွေ အကုန်ထွက်ပြေးသွားပါတယ်”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

အပြန်အလှန်ပစ်ခတ်မှု (၂)နာရီခန့်ကြာမြင့်ပြီးနောက် စစ်ကောင်စီဘက်တွင် အထိအခိုက်များစွာဖြင့် စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ မီးလောင်ချောင်းကျေးရွာအတွင်းရှိ ရန်သူ့ခံစစ်နေရာများနှင့် စာသင်ကျောင်းအတွင်း တည်ဆောက်ထားသည့် ဘန်ကာများကို မီးရှို့ဖျက်ဆီးခဲ့ကာ တိုက်ပွဲအတွင်း ပိတ်မိနေသည့် ပြည်သူများကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟု မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း ထိခိုက်မှုအသေးစိတ်ကို မသိရှိရသေးပေ။ ထို့အပြင် စစ်ကောင်စီက လေကြောင်းမှ ဆက်လက်ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

ပလောမြို့နယ်အတွင်း ပြီးခဲ့သည့် ဩဂုတ် ၅ရက်ကလည်း ပလမြို့ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်အား မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်ရင်း(၇)တပ်ခွဲ(၂)တို့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့သည်။

ယခုရက်ပိုင်းအတွင်း တနင်္သာရီမြို့နယ်တွင်လည်း တိုက်ပွဲများဖြစ်နေပြီးမြိတ်-တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမ‌ကြီးအား အသုံးပြုမှု သတိပြုရန်နှင့် အရေးကြီးကိစ္စမရှိပါက ခရီးမထွက်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။