Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်ကြီးတွင် စစ်ကောင်စီက ဧည့်စာရင်းစစ်ပြည်သူများ ဖမ်းဆီးနေ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီက ဧည့်စာရင်းလိုက်လံစစ်ဆေးနေပြီး ပြည်သူအချို့ဖမ်းဆီးခံနေရကြောင်း ဒေသခံများက ပြောသည်။

ပုသိမ်ကြီးမြို့လယ်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီက ဧည့်စာရင်းလိုက်လံစစ်ဆေးနေပြီး ပြည်သူအချို့ဖမ်းဆီးခံနေရကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲများစတင်ဖြစ်ပွားနေသည့် ပုသိမ်ကြီးမြို့နယ်တွင် စစ်ကောင်စီက ဧည့်စာရင်းများ လိုက်လံစစ်ဆေးပြီး သြဂုတ်၇ ရက် ညက တဲကုန်းရွာနှင့် မဲခင်းကုန်းရွာများအား ဝင်ရောက် စစ်ဆေးပြီး ပြည်သူ ရှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

” ဧည့်စာရင်းမတိုင်လို့​ ပြောတယ်။ အရင်ကတော့ ရွာထဲကပျူတွေကစစ်တာ။ အခုတော့ စစ်တပ်ကပါ လာစစ်တယ်။ ကွက်သစ်ဘက်နေတဲ့သူတွေပိုစစ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပုသိမ်ကြီးမြို့နယ်သည် စစ်ရှောင်များနှင့် အခြားရွှေ့ပြောင်းနေထိုင်သူ အများအပြားရှိပြီး စစ်ကောင်စီ၏ စစ်ဆေးမှုများကြောင့် နေထိုင်မှုအခက်အခဲ ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

သြဂုတ်လဆန်းပိုင်းက မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်အစပ်ရှိတပ်မ(၃၃) လက်အောက်ခံ ခမရ(၁၁၉)တပ်ကို တော်လှန်ရေးတပ်များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

မတ္တရာအရှေ့ခြမ်းနှင့် ပုသိမ်ကြီးမြို့ရွာအချိူ့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းဖြင့်ပါ တိုက်ခိုက်နေသည်။

ဩဂုတ် ၆ ရက်ညက ပုသိမ်ကြီးမြို့နယ် ၊ ဖယောင်းတောင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ၇ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းအတွက်ဖမ်းဆီးထားသူ​တွေကိုမန္တလေးမြို့၊နန်းတွင်းထဲကနေ ပုသိမ်ကြီးမြို့နယ်၊တပ်မ(၃၃)လက်အောက်ခံစစ်မှုထမ်းသင်တန်း ကျောင်းကိုယ​နေ့ ပို့စဥ်လူငယ်တဦး ကကားပေါ်မှ ခုန်ချထွက်​ပြေးသွားပြီးစစ်တပ်ကလိုက်လံရှာဖွေနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook