Connect with us

Hi, what are you looking for?

သတင်း

ဆီမီးခုံမြို့အဝင် စစ်ကောင်စီဂိတ်ကို PDFများ တိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံ​ခရိုင်၊ ဆီမီးခုံမြို့အဝင်ရှိ စစ်ကောင်စီဂိတ်ကို PDFများက ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိပြီး သေနတ်တစ်လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီဂိတ်အား ပစ်ခတ်ပြီးနောက် ပြန်ဆုတ်လာစဥ်။ ဓာတ်ပုံ - ရွှေဂျိုးဖြူ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံ​ခရိုင်၊ ဆီမီးခုံမြို့အဝင်ရှိ စစ်ကောင်စီဂိတ်ကို PDFများက ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိပြီး သေနတ်တစ်လက်သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ် ၇ရက် နံနက်က ဆီမီးခုံမြို့အဝင် စစ်ဆေးရေးဂိတ်ကို ပစ်ခတ်ခဲ့ရာ ဂိတ်ရှိစစ်သား ၃ ဦး၊ ရဲ တစ်ဦးရှိသည့်အနက် သုံးဦးသေဆုံးကြောင်း ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ)၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“ဖောကားနဲ့ ပုန်းလိုက်လာပြီး အနားရောက်မှ ထပစ်ခဲ့တာ။”ဟု ရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် အနီးရှိ စာသင်ကျောင်းအတွင်းမှ စစ်သားက ပြန်လည်ပစ်ခတ်နေသည့်ကြားက သေနတ်တစ်လက်ကောက်ယူကာ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း စစ်ဆင်ရေးရဲဘော်များက ပြောသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအချို့။ ဓာတ်ပုံ – ရွှေဂျိုးဖြူ

တိုက်ခိုက်မှုအား ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ) နှင့် Aung San’s Blood Civillian Defense Force (ABCDF) မဟာမိတ်ညီနောင်နှစ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။