Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်ရှိ ခလရ( ၁၄၈)တပ်ရင်းကို TNLAနှင့် PDF ပူးပေါင်းတပ် သိမ်းပိုက်

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်လှည်းဘီးကျေးရွာအနီးရှိ ခလရ(၁၄၈)တပ်ရင်းကို တအာင်းတပ်မတော်(TNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ကြောင်း မိုးကုတ်ဗျူဟာက ယနေ့ သတင်းထုတ်ပြန်သည်။

သပိတ်ကျင်းမြို့နယ် ကျောက်လှည်းဘီးကျေးရွာအနီးရှိ ခလရ(၁၄၈)တပ်ရင်းကို တအာင်းတပ်မတော်(TNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်များ သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - မိုးကုတ်ဗျူဟာ

ဟန်နွေ၊ဇော်ရမ်း/People’s Spring

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်လှည်းဘီးကျေးရွာအနီးရှိ ခလရ(၁၄၈)တပ်ရင်းကို တအာင်းတပ်မတော်(TNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ကြောင်း မိုးကုတ်ဗျူဟာက ယနေ့ သတင်းထုတ်ပြန်သည်။

မန္တလေး – မိုးကုတ် ကားလမ်းပေါ်ရှိ ခြေလျင်တပ်ရင်း ခလရ(၁၄၈)ကို TNLA၊ မိုးကုတ်ဗျူဟာအပါအဝင် မဟာမိတ် ပူးပေါင်းတပ်များက ယနေ့ (ဩဂုတ် ၉ရက်) ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း ဖော်ပြထားပြီး ခလရ(၁၄၈)တပ်ရင်းရှေ့၌ အောင်ပွဲခံနေသည့် တော်လှန်ရေးရဲဘော်များ၏ မှတ်တမ်းဓာတ်ပုံကို ဖော်ပြသည်။

TNLA အနေဖြင့် ရှမ်းမြောက်ရှိ ကျောက်မဲ ၊ နောင်ချို၊ မိုးမိတ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့ကို သိမ်းပိုက်ပြီးနောက် သပိတ်ကျင်းနယ် စစ်ဆင်ရေးတွင် ပါဝင်လာသည်ကို တွေ့ရသည်။

TNLA ရဲဘော်အချို့ကလည်း အညာမြေသို့ ခရီးသွားရောက်နေသည့် မှတ်တမ်းကို ပြီးခဲ့သည့် ရက်ပိုင်းက ၎င်းတို့၏ လူမှုကွန်ရက်၌ ဖော်ပြခဲ့သည်ကို တွေ့ရသည်။

ခလရ (၁၄၈)သိမ်းပိုက်နိုင်မှု နှင့်ပတ်သတ်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ဆက်သွယ်မေးမြန်းရာ အခြေအနေများ မသိရသေးဟု ပြောသည်။

သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့်ဇူလိုင်ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပါဝင်သည့် ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တပ်စခန်း ၃ခုထက်မနည်းကို သိမ်းပိုက်ရရှိထားသည်။

သပိတ်ကျင်းနယ်၌ ခလရ(၁၄၈)၊ အမှတ်(၁) သုတေသန တပ်ရင်း၊ အမှတ်(၂၀) စစ်ဆေးရုံ (ကုတင် ၁၀၀)၊ စစ်ကောင်စီ၏ တန်းမြင်လေ့ကျင့်ရေးကောင်း(တတက-၁၃)၊ စစ်အခြေခံ လေ့ကျင့်ရေးတပ်(စခတ-၂) တပ်များ ကျန်ရှိနေရာ ခြေလျင်တပ်ရင်းကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်၍ ကျန်တပ်များသည်လည်း သိပ်မကြာနိုင်ဟု သတင်းရင်းမြစ်တစ်ဦးက သုံးသပ်ထားသည်။

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ်မှ စစ်‌ကောင်စီစခန်းများကို ဆက်တိုက်သိမ်းယူနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စဉ့်ကူး-သပိတ်ကျင်းလမ်းပိုင်း၊ သိပိတ်ကျင်းမြို့အဝင်ရှိ တောင်ကုန်းပေါ်မှ ချောင်းကြီးရဲစခန်းကို

ဩဂုတ် ၁ရက်တွင် သိမ်းယူခဲ့သည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က စစ်ဒေသမှူးအဖြစ် တာဝန်ယူပြီး စစ်ရေးဖော်ဆောင်နေသည့် တိုက်ပွဲများအတွင်း ယခုရက်ပိုင်းတွင် ထီးချိုင့်မြို့ရှိ တကောင်း နီကယ်စက်ရုံအပါအဝင် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း အစပ်မှ စစ်‌ကောင်စီ၏စခန်းများကို ဆက်တိုက်သိမ်းယူခဲ့သည်။

မိုးမိတ်-မန္တလေးလမ်းပေါ်ရှိ သပိတ်ကျင်းမြို့နယ် တွင်းငယ်ရဲစခန်းကို ဇူလိုင် ၂၅ရက်နှင့် သပိတ် ကျင်းမြို့တွင် အင်းနက်ရွာရှိ စစ်ကောင်စီစခန်းကုန်းနှင့် စစ်ဆေးရေးဂိတ်ကို ဇူလိုင် ၂၀ရက်က သိမ်းယူခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ