Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီရိက္ခာပို့စစ်ကြောင်း တိုက်ခိုက်ခံရ

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီ၏ ခြေမြန် တပ်ရင်းတစ်ခုသို့ ရိက္ခာပို့လာသည့် ခြေလျင် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းမြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ် ကြောင်း(၁)က ယနေ့(သြဂုတ် ၁၀)ထုတ် ပြန်သည်။

မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)မှ ရဲဘော်များကိုတွေ့ရစဥ်။ ဓာတ်ပုံ - စစ်ကြောင်း ၁

ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီ၏ ခြေမြန် တပ်ရင်းတစ်ခုသို့ ရိက္ခာပို့လာသည့် ခြေလျင် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းမြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ် ကြောင်း(၁)က ယနေ့(သြဂုတ် ၁၀)ထုတ် ပြန်သည်။

ယမန်နေ့(သြဂုတ် ၉)ညနေ ၅ နာရီ ၄၅ ခန့်က ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ (၅၅၈)မှ ခမရ (၅၆၁)သို့ ရိက္ခာပို့လာသော အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို စစ် ကြောင်း(၁)မှ ရဲဘော်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲဖြစ်ပွားချိန် ၁၀မိနစ်ခန့်ကြာမြင့်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့ပါသည်၊ ပြည်သူ့ကာကွယ်ရေး ရဲဘော်များဖက်မှထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ပါ”ဟု မြိတ်ခရိုင် ပူးပေါင်းစစ်ကြောင်း(၁)က အသိပေးသည်။

တိုက်ပွဲအခြေအနေအပြည့်အစုံအား သိရှိနိုင်ရန် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)ထံသို့ လူထုနွေဦးမှ အကြိမ် ကြိမ်ဆက်သွယ်ခဲ့သော်လည်း အဆက်အ သွယ်မရခဲ့ပေ။

တနင်္သာရီမြို့နယ်တွင် ယမန်နေ့(ဩဂုတ် ၉) နေ့လယ် ၁၂ နာရီခန့်က စစ်ကောင်စီသည် K-8W Jet Fighter အမျိုးစားတိုက်လေယာဉ်ဖြင့် ကျောက်မိကျောင်းရွာ၊ ကွင်းသစ်ရွာ၊ ညောင်ပင်ကွင်း(အရှေ့ကမ်း)ရွာ စသည့်ကျေးရွာသုံးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကြောင်း(၁)က ဖော်ပြသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်မှုမရှိခဲ့သော်လည်း ကျောက်မိကျောင်းရွာဘုန်းကြီးကျောင်း ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အလားတူ သြဂုတ် ၇ ရက်ကလည်း တနင်္သာရီမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေအတွင်းရှိ သကျက်တောင်ဘိန်၊ ဆင် ခေါင်းဘုရားတောင်၊ ဂဏန်းကွင်းရွာ စသည့်ကျေးရွာများကို စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးဖြင့် တိုက်ခိုက်ခဲ့ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

လက်ရှိတွင် တနင်္သာရီမြို့နယ်အတွင်းနှစ်ဖက် စစ်ရေးတင်းမာနေချိန်ဖြစ်၍ ပြည်သူများအ နေဖြင့် အသွားအလာ အနေအထိုင်အထူးဂရု စိုက်ကြပါရန်လေးစားစွာဖြင့်အသိပေးအပ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ထုတ် ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook