သုည/People’s Spring
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် အဆိုပါနိုင်ငံရောက်မြန်မာများက (၃၆)နှစ်ပြည့် ရှစ်လေးလုံးနှစ်ပတ်လည် အခမ်းအနားကို ယမန်နေ့ (ဩဂုတ် ၁၀)က ပြုလုပ်ခဲ့သည်။
၈၈မျိုးဆက်ကျောင်းသား ကိုနေတင်မြင့်၊ Gen Z မောင်အောင်နိုင်လတ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးတို့က ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့်ပတ်သက်ပြီး အမှတ်တရစကားများ ပြောပြီး အဆိုတော် ဝင်နိုင်စိုးကဘတော်လှန်ရေးသီချင်းများ သီဆိုဖျော်ဖြေခဲ့သည်။
ယင်းစုဝေးပွဲအခမ်းအနားကို Newyork City Burmese Community (NYCBC) က ဦးဆောင်ပြုလုပ်ခဲ့ပြီး အမေရိကန်ရောက် မြန်မာများ၊ ကျောင်းသားလူငယ်များ ပူးပေါင်းပါဝင်ခဲသည်။