Connect with us

Hi, what are you looking for?

သတင်း

တကောင်းမြို့သိမ်းပိုက်သည့် PDF ရဲဘော်များအား ဒေသခံပြည်သူများကြိုဆို

သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အား သိမ်းပိုက်နိုင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှ PDF ရဲဘော်များအား ဒေသခံပြည်သူများက အောင်သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြသည်။

ဇေအောင်/People’s Spring

သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အား သိမ်းပိုက်နိုင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှ PDF ရဲဘော်များအား ဒေသခံပြည်သူများက အောင်သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြသည်။

ယမန်နေ့ (ဩဂုတ် ၁၂ ရက်)က မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အားအမှတ်(၁)စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်များ၊ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ)များ၊ တကောင်းတိုက်နယ် (ပကဖ)များ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/507343945145259

ထို့နောက် မြို့အတွင်းသို့ လှည့်လည်လာသည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များအား ဒေသခံပြည်သူများက အောင်သပြေပန်းများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ အများဆုံးကျဆုံးပြီး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟု သပိတ်ကျင်းပကဖက အသိပေးသည်။

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ်ရှိ တကောင်းမြို့ကို ဩဂုတ် ၁၁ရက် နံနက် ၅နာရီခန့်မှစ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုနေ့ညနေပိုင်းတွင် တကောင်းမြို့မရဲစခန်း၊ တ််ိုက်ဆေးရုံတို့ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းဆည်းရရှိခဲ့သည်။

ထို့​နောက် လေးမျက်နှာဘုရားဝင်းတွင် တပ်စွဲထား​သော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို PDFများက ဆက်လက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက လေကြောင်းမှအပြင်းအထန်ခုခံခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တကောင်းမြို့သည် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နှင့် မန္တလေးတိုင်းသပိတ်ကျင် မြို့ကြား၌ တည်ရှိသည်။ ထီးချိုင့်မြို့မှ တရုတ်အစိုးရရင်းနှီးမြှုပ်နှံထားသည့် နီကယ်စက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသလို မြို့ပတ်ချာလည်ကိုလည်း ထိန်းချုပ်ထားသည်။

ထို့အပြင် သပိတ်ကျင်းမြို့ရှိ စစ်ကောင်စီစခန်းများကိုလည်း ကာကွယ်ရေးတပ်ဖွဲ့များက ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည်။

ထီးချိုင့်၊ တကောင်းနှင့် သပိတ်ကျင်းမြို့နယ်များသည် စစ်အာဏာရှင်အောက်မှ ဆက်တိုက်ဆိုသလိုလွတ်မြောက်တော့မည်ဟု ဒေသခံတစ်ဦးက ပြောသည်။

တ​ကောင်းမြို့သည် ဧရာဝတီမြစ်ကမ်း​ဘေးမြို့ဖြစ်ပြီး​ ​မြောက်ဘက်တွင် ထီးချိုင့် ၊တောင်ဘက်တွင် သပိတ်ကျင်း ၊အ​နောက်​မြောက်ဘက်တွင် ​ကောလင်းမြို့ ၊အ​နောက်​​တောင်ဘက်တွင် ကျွန်းလှမြို့ ၊အရှေ့ဘက်တွင် မဘိမ်းမြို့တို့တည်ရှိသည်။

၂၀၁၄ သန်း​ခေါင်စာရင်းအရ မြို့​ပေါ်တွင် လူဦး​ရေ ၈,၁၀၀ ​​ကျော် ၊ ​ကျေားလက်တွင် လူဦး​ရေ ၂၇,၇၀၀​ကျော်​နေထိုင်သည်။

တကောင်းမြို့တွင် ပြီးခဲ့သည့် ဇူလိုင် ၂၀ရက်ကလည်းအင်းနက်ကျေရွာရှိ စစ်‌ကောင်စီ၏ ဆက်သွယ်ရေး တာဝါတိုင်ကုန်း စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူခဲ့သည်။

အင်းနက်ကျေးရွာသည် ထီးချိူင့်မြို့နှင့် ပိုနီးပြီး တရုတ်စီမံကိန်းတစ်ခုဖြစ်သည့် တကောင်းနီကယ်စက်ရုံအနီး၌ တည်ရှိသည်။

ထီးချိူင့်မြို့နယ်ရှိ တကောင်းနီကယ်စက်ရုံကိုလည်း KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။ ထို့အပြင် သပိတ်ကျင်းမြို့ရှိ စစ်ကောင်စီစခန်းများအပြားကိုလည်း မန္တ​လေး PDFအပါအဝင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်စင်တိုက်ခိုက်နေပြီး စခန်းအများအပြား သိမ်းယူထားသည်။

​လက်ရှိတွင် တော်လှန်​ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထား​သောညမြို့​ပေါင်း ၈၀ ခန့်ရှိလာပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။