Connect with us

Hi, what are you looking for?

သတင်း

တာချီလိတ်ရပ်ကွက်အချို့ ရေ‌ကြီးနေ

တာချီလိတ်မြို့တွင် ယနေ့(ဩဂုတ် ၁၄ရက်) နံနက်ပိုင်းက ပုံမှန်ထက်မိုးကောင်းပြီးနောက်မယ်ဆိုင်ချောင်းရေလျှံကာ မြို့ပေါ်ရပ်ကွက်များ၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည်။

တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုဖြစ်နေစဉ်။ ဓာတ်ပုံ - Ko Hla Moe

မိထက်/People’s Spring

တာချီလိတ်မြို့တွင် ယနေ့(ဩဂုတ် ၁၄ရက်) နံနက်ပိုင်းက ပုံမှန်ထက်မိုးကောင်းပြီးနောက်မယ်ဆိုင်ချောင်းရေလျှံကာ မြို့ပေါ်ရပ်ကွက်များ၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည်။

မယ်ဆိုင်ချောင်း ဘေးနေရာများဖြစ်သည့် မကာဟိုခမ်းရပ်ကွက်အတွင်း ဖလားဝါးကွင်းနှင့် ကြက်ခြေနီတပ်ဖွဲ့ရုံးပတ်ဝန်းကျင်၌ ရေကြီးရေလျှံမှုဖြစ်နေသည်။

Public Service Announcement

Public Service Announcement

မယ်ဆိုင်ချောင်းရေသည် အကျမြန်သော်လည်း မိုးဆက်ရွာနေ၍ ရေပြန်မကျသေးကြောင်း၊ အခက်အခဲအလွန်တွေ့နေကြောင်း ဒေသခံအချို့က ပြောသည်။

မယ်ဆိုင်ချောင်းရေလျှံ၍ တာချီလိတ်မြို့တစ်ဖက်ကမ်း ထိုင်းနိုင်ငံဘက်တွင်လည်း ရေကြီးနေသည်။

မုတ်သုန်လေအားကောင်းနေပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းအပါအဝင် ဒေသအများစုမိုးရွာနိုင်၍ ယခု(ဩဂုတ်လလယ်)ကာလအတွင် ရေကြီးရေလျှံမှုဘေးသတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး၀န်ကြီးဌာန (MOHADM)ကသတိပေးထားသည်။

ထို့အပြင် ဩဂုတ် ၁၇နှင့် ၁၈ရက်များတွင် မုတ်သုံလေပိုမိုအားကောင်းလာနိုင်ကြောင်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်