Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲများကြားမှ တောင်ပြုံးပွဲကျင်းပ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသည့်ကြားမှ တောင်ပြုံးပွဲကို အစဥ်အလာအတိုင်း ကျင်းပနေသည်။

သြဂုတ် ၁၄ရက်က တောင်ပြုံး ချိုးရေတော်သုံးပွဲကျင်းပနေစဥ်။ ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသည့်ကြားမှ တောင်ပြုံးပွဲကို အစဥ်အလာအတိုင်း ကျင်းပနေသည်။

တိုက်ပွဲဖြစ်ပွားနေသည့် မတ္တရာမြို့နယ်တွင် တိုက်ပွဲကြောင့် တောင်ပြုံးပွဲ စည်ကားမှုမရှိသော်လည်း ဩဂုတ် ၁၂ ရက်မှစတင်ကာ အစဥ်အလာတိုင်း ကျင်းပနေသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဆိုင်ရာတွေလာကြတယ်။ သူ့နေ့သူ့ရက်တော့အရောက်လာကြတာပဲ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

တောင်ပြုံးပွဲလာရောက်သူများမှာ မြန်မာပြည်အောက်ပိုင်းဒေသမှ နတ်ကိုးကွယ်သူများဖြစ်ပြီး အစဥ်အလာအတိုင်း လာရောက်ကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သူတို့ကတော့ တားမရဘူးလေ။ သိတဲ့အတိုင်း “ဟု မတ္တရာဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

သို့သော် လမ်းပန်းအခက်အခဲကြောင့် စျေးသည်များ လာရောက်ရောင်းချနိုင်ခြင်းမရှိဘဲ ဒေသတွင်း စျေးသည်အချို့သာ ရှိကြောင်း၊ ယမန်နှစ်ကကဲ့သို့ စည်ကားမှုမရှိကြောင်း သွားရောက်ခဲ့သူများက ပြောသည်။

ဇွန်လကုန်ပိုင်းကစတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂)နှင့် ရှမ်းမန်းစစ်ဆင်ရေးတွင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင်လည်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း၃၅ခုအား မန္တလေး PDF နှင့် ပူးပေါင်းတပ်များကသိမ်းပိုက်ထားသည်။

ယနေ့အထိ မတ္တရာမြို့နယ်အတွင်း မိုးကုတ်-မန္တလေးလမ်းပေါ်၌ပင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ပြုလုပ်နေတဲ့ တောင်ပြုံးပွဲမှာ ပျူစောထီးတွေက ဝင်ကြေးအဆမတန် ကောက်ခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook