Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ် ပြည်သူများ ဗုံးခိုကျင်းတူးထားကြရန် ပကဖသတိပေး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်နေ၍ ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများတူးထားကြရန် တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က သတိပေးသည်။

သြဂုတ် ၁၄ ရက် ညက တောင်သာမြို့မြောက်ဘက် ဆည်ကုန်း(မြောက်ရွာ)အားလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေအိမ်အားတွေ့ရစဥ်။ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်နေ၍ ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများတူးထားကြရန် တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က သတိပေးသည်။

သြဂုတ် ၁၂ ရက်က တောင်သာမြို့ဝန်းကျင်ရှိ စစ်ကောင်စီစခန်း လေးခု တပြိုင်နက်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ သြဂုတ် ၁၄ရက် ည ၈ နာရီခွဲခန့်ကလည်း တောင်သာမြို့မြောက်ဘက် ဆည်ကုန်းရွာ(မြောက်ရွာ)အား စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ မိသားစုဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် တောင်သာမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဗုံးခိုကျင်းများတူးထားကြရန် တောင်သာ ပကဖက သတိပေးသည်။

“လက်ရှ်ိစစ်ဆင်ရေးကာလအတွင်း စစ်ရေးအရှိန်မြှင့် သထက်မြှင့်မှာမို့ မိမိအသက်ကိုကာကွယ်ဖို့အတွက်ဗုံးခိုကျင်းများတူးကြပါရန် သတိပေးနှိုးဆော်ပါတယ်။”ဟု တောင်သာပကဖ တာဝန်ရှိသူက ပြောသည်။

​နေအိမ်တွင် မကျန်းမာသူများ၊ သက်ကြီးဘိုးဘွားများသာရှိသည့်အိမ်များအနေဖြင့် ဗုံးခိုကျင်းတူးရန် နီးစပ်ရာရဲဘော်များထံ အကူအညီတောင်းခံနိုင်ကြောင်း တောင်သာပကဖ တာဝန်ရှိသူက ပြောသည်။

သြဂုတ် ၁ဝရက် နံနက်ပိုင်းကစတင်ခဲ့သည့် မြင်းခြံခရိုင်အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO)အဖြစ် နွားထိုးကြီး၊ တောင်သာနှင့် မြင်းခြံမြို့များတွင် စစ်ဆင်ရေးများပြုလုပ်ခဲ့သည်။

သြဂုတ် ၁၀ရက်က တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းတိုက်ခိုက်မှုအတွင်း စစ်အုပ်စုဝင် ၆ ဦး သေဆုံးပြီး ၅ဦးပျောက်ဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်။

သြဂုတ် ၁၂ရက်က တောင်သာမြို့နယ်ရှိ စစ်ကောင်စီစခန်း လေးနေရာ တိုက်ခိုက်မှုအတွင်း ဓာတ်ငွေ့ပိုက်လိုင်းစခန်းနှင့် စွပ်ကျယ်စက်ရုံစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားပြီး တောင်သာမြို့အား စစ်ကူလာနိုင်မည့်လမ်းကြောင်းအား ​ပူးပေါင်းတပ်များက ပိတ်ဆို့ထားသည်။

မြင်းခြံခရိုင် အထူးစစ်ဆင်ရေးကြောင့် တောင်သာမြို့ပေါ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မီးသတ်၊ ရဲစခန်းမှအပ ကျန်ရှိသော ဌာနဆိုင်ရာအားလုံး ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း၊ မြို့ပေါ်ကင်းလှည့်ပတ်မှုတွင် မီးသတ်ဝန်ထမ်းအချို့၊ စည်ပင်ဝန်ထမ်းအချို့ လိုက်ပါလှည့်ပတ်လျက်ရှိပြီး Non-CDM ဝန်ထမ်းများထွက်ပြေးတိမ်းရှောင်နေကြောင်း လူထုလှုပ်ရှားမှုကော်မတီ-တောင်သာက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်ဒေသတွင်းက ရဲဘော်တွေဟာ မြိုင်မြို့နယ်အတွင်းရောက်နေတဲ့ စစ်တပ် စစ်ကြောင်းကို တားဆီးဖို့ မိုးထဲရေထဲမှာ ကြိုးစားနေတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ဖောင်းပြင်မြို့နယ်ပြည်သူ့ကာကွယ်​ရေးအဖွဲ့(ပ.က.ဖ)လှုပ်ရှားတပ်ဖွဲ့မှ ရဲဘော်တဦးက ဒေသခံတစ်ဦးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့မှုအတွက်ကျူးလွန်ခံရသူ မိသားစုထံ လှုပ်ရှားတပ်ဖွဲ့ခေါင်းဆောင်ကိုယ်တိုင် အုန်း

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။