Connect with us

Hi, what are you looking for?

သတင်း

ဘုရားသုံးဆူ -သံဖြူဇရပ်လမ်းပိုင်းရှိ စစ်တပ်ဗျုဟာ တိုက်ခိုက်ခံနေရ

KNU တပ်မဟာ (၆) စစ်ရေးလှုပ်ရှားရာနယ်မြေ ဝင်းရေးမြို့နယ် ထဲမှာ သြဂုတ်လ ဒုတိယပတ်ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ KNU တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေ ထံကသိရပါတယ်။

နိုင်ပကောင်း/People’s Spring

KNU တပ်မဟာ (၆) စစ်ရေးလှုပ်ရှားရာနယ်မြေ ဝင်းရေးမြို့နယ် ထဲမှာ သြဂုတ်လ ဒုတိယပတ်ကစတင်ပြီး စစ်ကောင်စီတပ်နဲ့ KNU တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေ ထံကသိရပါတယ်။

“တိုက်ပွဲဖြစ်တာ ရက်တော်တော်ကြာနေပြီ၊ အခုထိ မပြီးသေးဘူး” လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက မနေ့ (သြဂုတ် ၁၅) ရက်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဝင်းရေးမြို့နယ်(ရေးမြို့နယ်) ၊ အနန်းကွင်းရွာမှာ တိုက်ပွဲ ဖြစ်နေတာဖြစ်ပြီး အဲဒီရွာဟာ ဘုရားသုံးဆူ- သံဖြူဇရပ် လမ်းပိုင်းမှာရှိတာပါ။

စစ်ကောင်စီတပ်ကလည်း အဲဒီဒေသမှာ ဗျုဟာတစ်ခု အခြေ ချထားတယ်လို့သိရပါတယ်။

သြဂုတ်လ ဒုတိယပတ်ကစပြီး အနန်းကွင်းရွာက စစ်တပ် ဗျုဟာနဲ့ KNU တပ်မဟာ (၆) ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားကြတာပါ။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အနန်းကွင်းရွာအပြင် ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းပိုင်းရှိ တညင် နဲ့လွတ်ရှမ်းရွာတွေက ဒေသခံတွေပါ တိမ်းရှောင်နေရပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ခိုက်ခံနေရတဲ့ အနန်းကွင်း စစ်ဗျုဟာ တပ်ဟာ ပြီးခဲ့တဲ့ မေလအတွင်း KNU ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းယူထားတဲ့ ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းပိုင်းပေါ်က တောင်စွန်းစခန်းနဲ့မိုင်းအနည်းငယ်သာ ဝေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေး-သံဖြူဇရပ်ကားလမ်းပိုင်းမှာ လက်ပြန်ကြိုးတုပ်ခံထားရပြီးဦးခေါင်းသေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့အမျိုးသားရုပ်အလောင်းသုံးလောင်းကိုဒီနေ့ (မေလ ၁၄ ရက်) မနက်ပိုင်းကတွေ့ခဲ့တယ်လို့လူမူကူ ညီရေးလုပ်ကိုင်သူအချို့ဆီက သိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေရွာအနီး ယာယီတပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းနဲ့ သံဖြူဇရပ်မြို့နယ် ထင်းရှူးရဲစခန်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာရဲစခန်းကိုဒရုန်းဖြင့် ဗုံးကြဲခဲ့သလို ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ထင်းရှူးဘူတာရဲ့ စစ်တပ်ကင်းပုန်းစခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)က ဒီကနေ့(စက်တင်ဘာ၁၉ရက်)မှာ ထုတ်ပြန်ပါတယ်။