Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူတရပ်လုံးကို မျက်နှာမူကြောင်းနှင့် လက်ရှိမြန်မာ့အခြေအနေ စိတ်ပူပန်ရစေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဆို

တရုတ်နိုင်ငံက မြန်မာနိုင်ငံ ပြည်သူတရပ်လုံးကိုမျက်နှာမူကြောင်းနှင့် လက်ရှိ မြန်မာနိုင်ငံအခြေအနေသည် စိတ်ပူပန်ရစေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်​ယိက ပြောကြားလိုက်သည်။

တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝမ်ယိ။ ဓါတ်ပုံ-AFP

အီယိုရီ/People’s Spring

တရုတ်နိုင်ငံက မြန်မာနိုင်ငံ ပြည်သူတရပ်လုံးကိုမျက်နှာမူကြောင်းနှင့် လက်ရှိ မြန်မာနိုင်ငံအခြေအနေသည် စိတ်ပူပန်ရစေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်​ယိက ပြောကြားလိုက်သည်။

နေပြည်တော်သို့ ကိုယ်တိုင်လာရောက်ခဲ့ပြီး နှစ်ရက်အကြာ သြဂုတ် ၁၆ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက ထိုသို့ ပြောကြားခဲ့ပြီး မြန်မာနိုင်ငံက တွေ့ဆုံဆွေးနွေးမှုဖြင့် ပြည်တွင်းပြန်လည်သင့်မြတ်မှု ဖော်ဆောင်ရန် ထောက်ခံအားပေးသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တရုတ်၊ လာအို၊ ထိုင်းနှင့် အာဏာသိမ်းစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးများသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ယမန်နေ့(သြဂုတ် ၁၆ရက်)က အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြန်မာ့အရေးကို ဦးစားပေးအဖြစ် ယင်းနိုင်ငံခြားရေးဝန်ကြီးများက ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

တရုတ်သည် ပြည်တွင်းရေးဝင်ရောက်မစွက်ဖက်ခြင်း အခြေခံမူကို အမြဲတစေ လက်ကိုင်ထားကြောင်း ထုတ်ဖော်ပြောကြားသော်လည်း မြန်မာ့အရေးကိစ္စတွင် ကျော်လွန်၍ မရသော စည်းသုံးခုကို ခိုင်မာစွာ ထိန်းသိမ်းရမည်ဟု ဆိုပြန်သည်။

၎င်းတို့မှာ မြန်မာနိုင်ငံတွင် ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ်ဖြစ်ပွား၍မရခြင်း၊အာဆီယံမိသားစု၏ လမ်းကြောင်းမှ ကင်းကွာသွား၍မရခြင်း၊ ပြင်ပအင်အားစုများ ထင်သလိုစိမ့်ဝင်၍ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းတို့ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ပြောသည်။

ထို့အပြင် မြန်မာပြည်သူများ လက်ရှိအခက်အခဲကျော်ဖြတ်နိုင်ရန် အတူတကွထောက်ခံအားပေးခြင်းအပါအဝင် အချက်သုံးချက်ကိုလည်း ဝမ်ယိက အကြံပြုခဲ့သည်။

အကြံပြုချက်ထဲတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို တရားဥပဒေနှင့်အညီ စနစ်တကျ ပြန်လည်ဖော်ဆောင်ရန် အတူတကွထောက်ခံအားပေးခြင်း အချက်ကို မစ္စတာဝမ်ယိက ထည့်ပြောသော်လည်း မြန်မာပြည်သူအများစု၏ ထောက်ခံမှုရရှိထားပြီး ရွေးကောက်ခံအမတ်များဖြင့် ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ(EROs)နှင့် တရုတ်နိုင်ငံက ထိတွေ့ဆက်ဆံခြင်းမရှိသေးပေ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးသည် ၉ ကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးတွင်လည်း သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ မြန်မာ့အရေးကို ထည့်သွင်းပြောကြားပြီး မြန်မာနိုင်ငံ တည်ငြိမ်မှု၊ ပြန်လည်သင့်မြတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရန်အတွက် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်သွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံ အခြေခံဥပဒေမူဘောင်အတွင်း၌ ပြည်တွင်းနိုင်ငံရေးပြန်လည်သင့်မြတ်မှုကိုဖော်ဆောင်၍ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်ရန် ထောက်ခံအားပေးကြောင်းလည်း မစ္စတာဝမ်ယိက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိအောင် ကူညီရာတွင် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက ပြောသည်ဟု တရုတ်အစိုးရပိုင် မီဒီယာများက ရေးသားဖော်ပြသည်။

ဆောင်းပါး

နေပြည်တော်အာဏာရပ်ဝန်း အလှုပ်အယမ်းသတင်းများထွက်ပေါ်ချိန်နှင့်အတူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို လာရောက်တွေ့ဆုံခဲ့သည်။

သတင်း

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ဆုံးရှုံးပြီး​နောက် တရုတ်ဆန့်ကျင်ရေးပြုလုပ်ခဲ့သော စစ်​​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များ၊ အမျိုးသားရေး အစွန်းရောက်များ၊ စစ်တပ်ထောက်ခံသူများမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နေပြည်တော် လာပြီး နောက် တရုတ်မုန်းတီး​ရေး လှုံ့​ဆော်မှုများရပ်တန့်သွားသည်။

သတင်း

အာဏာသိမ်း​ခေါင်း​​ဆောင် မင်း​​အောင်လှိုင် နဲ့ တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝမ်ယိတို့ သြဂုတ်၁၄ ရက်မှာ ​နေပြည်​တော်မှာ ​တွေ့ဆုံ​​ဆွေး​နွေးခဲ့ပါတယ်။