Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့အဝင် စစ်တပ်ဂိတ်အား PDFများ တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့အဝင်ရှိ စစ်ကောင်စီဂိတ်အား PDFများ ဝင်ရောက်တိုက်ခိုက်ရာ သေနတ်တစ်လက်နှင့်ခဲယမ်းများ သိမ်းဆည်းရမိပြီး စစ်ကောင်စီ၏ ကားနှစ်စီး ပျက်စီးခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)၏ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီဂိတ်အား PDF များ တိုက်ခိုက်နေစဥ်၊ ။ ဓာတ်ပုံ-PPDF

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့အဝင်ရှိ စစ်ကောင်စီဂိတ်အား PDFများ ဝင်ရောက်တိုက်ခိုက်ရာ သေနတ်တစ်လက်နှင့်ခဲယမ်းများ သိမ်းဆည်းရမိပြီး စစ်ကောင်စီ၏ ကားနှစ်စီး ပျက်စီးခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)၏ တာဝန်ရှိသူက ပြောသည်။

ယနေ့(သြဂုတ် ၁၇ ရက်)နံနက် ၁၀နာရီခွဲခန့်က ပခုက္ကူမြို့နယ်၊ သုဿာန်အနီးရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အား ပြည်သူ့ကာကွယ်ရေးပူးပေါင်းများက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် စစ်သားသုံးဦး ဒဏ်ရာများဖြင့် ထွက်ပြေးသွားပြီး ဂိတ်စခန်းအား ဝင်ရောက် ရှင်းလင်းရာ AKသေနတ် တစ်လက်၊ AKကျည်ဘောက် တစ်ခုနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)၏ တာဝန်ရှိသူက ပြောသည်။

“ဂိတ်က ပခုက္ကူမြောက်ဘက်ကပ်လို့ပဲ။ ၁၅မိနစ်မိနစ်၂၀လောက်ပဲကြာတယ်။ အင်အားက ပုံမှန်တော့မရှိဘူး။ များလာလိုက်နည််းသွားလိုက်ပဲ။ သူတို့က ပခုက္ကူဘက်ပြန်ပြေးတာ။ ၁၀၁တပ်မနဲ့လဲနီးတယ်။ ကားတွေက ၂စီးလောက် တော်တော်ထိတယ်။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

သိမ်းဆည်းရမိသောသေနတ်နှင့်ခဲယမ်း၊ စစ်အသုံးအဆောင်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-PPDF

အဆိုပါ စစ်ဆင်ရေးအား ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) နှင့် မဟာမိတ်အဖွဲ့များဖြစ်သော ပ.က.ဖ တပ်ခွဲ (၁)တပ်စိပ်(၁) ၊Burma Revolution Rangers (B.R.R)၊Royal Defense Force (R.D.F)၊ဒေါင်းစစ်သည်၊မြိုင် ပကဖ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၁၀ရက်ကလည်း ပခုက္ကူ မှ ရေစကြိုမြို့သို့ ထွတ်ခွာလာသော စစ်ကောင်စီ၏ ယာဥ်တန်း တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကာ ရဲနှစ်ဦးနှင့် ပျူစောထီး သုံးဦး အရှင်ဖမ်းဆီးရမိကြောင်း Southern YSO PDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရေယာဉ်အချို့ လက်နက်ကြီးထိမှန်နစ်မြုပ်ဟု ကချင်သတင်းရင်းမြစ် ပြော

သတင်း

ရန်ကုန်မြို့ မှော်ဘီမြို့နယ် ရန်ကုန် - ပြည်လမ်းပေါ်ရှိ စစ်ကောင်စီ၏ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းအား ၄၀မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြအထူးစစ်ဆင်ရေး(USO)၏ သတင်းတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာနယ်မြေရဲစခန်းမှူး ရဲအုပ်‌ဇော်ဝင်းကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူအချို့ ထိခိုက်သေဆုံး