Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့ကို PDF များ သိမ်းပိုက်

ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များက ဒီပဲယင်းမြို့ရှိ စစ်​ကောင်စီတပ်စခန်းများကို အပြင်းအထန်ထိုးစစ်ဆင်ပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲ​နေရာ အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ပြီး တမြို့လုံးအား သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

ဒီပဲယင်းမြို့ကိုသိမ်းပိုက်ပြီး​နောက် PDF များကို​တွေ့ရစဥ်

သားကြီး/People’s Spring

ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များက ဒီပဲယင်းမြို့ရှိ စစ်​ကောင်စီတပ်စခန်းများကို အပြင်းအထန်ထိုးစစ်ဆင်ပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲ​နေရာ အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ပြီး တမြို့လုံးအား သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

“မနေ့ညက ရတာပါ။ မိုးတွေအရမ်းသည်းနေချိန် တိုက်ပွဲခဏရပ်တုန်း အကုန်ထွက်ပြေးတာ။ အရှင်မိတွေလည်း ရှိပါတယ်” ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ” တစ်မြို့လုံးရပါပြီ။ အုပ်ချုပ်ရေးလုပ်ငန်းတွေ စ‌ပါမယ်”ဟု ယနေ့(ဩဂုတ်လ ၁၈ရက်)နံနက် ၈နာရီခန့်၌ ပြောသည်။

ဒီပဲယင်းမြို့နယ်တစ်ခုလုံးကို ယ​နေ့ နံနက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်​ကြောင်း PDF တစ်ဦးက​ပြောသည်။

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၆ရက်က စတင်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ရော Y12 လေယာဉ်ဖြင့်ပါပစ်ကူ​ပေးဗုံးကြဲ တိုက်ခိုက်ခဲ့သည်။တိုက်ပွဲအတွင်း ဒီပဲယင်းမြို့သို့ ရေဦးမြို့ဘက်မှ စစ်ကူလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို ရေဦးမြို့မှ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပိတ်ဆို့ဖြတ်တောက်ခဲ့သည်။ ဩဂုတ်လ ၁၇ရက်ညတွင်သိမ်းယူနိုင်ခြင်းဖြစ်ရာ မြို့သိမ်းတိုက်ပွဲ နှစ်ရက် ကြာခဲ့သည်။

တိုက်ပွဲကြောင် ဒီပဲယင်း-ရေဦးလမ်းတစ်လျှောက်မှ ကျေးရွာများ ယာယီတိမ်းရှောင်နေကြရသည်။

ဒီပဲယင်းမြို့သိမ်းတိုက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၁) စစ်ဒေသ၏ ကွပ်ကဲမှုဖြင့် ဒီပဲယင်း၊ ရေဦး၊ ဘုတင်လင် ပကဖများအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

“အဖွဲ့အားလုံးရဲ့စုပေါင်းအားနဲ့ ဒီပဲယင်းမြို့ကို သိမ်းနိုင်ခဲ့ပါပြီ။ စစ်ကိုင်းအောက်ပိုင်းမှာ ပထမဆုံးသိမ်းနိုင်ခဲ့တဲ့မြို့ပါ”ဟု 96 Siolders PDF(အညာ​ဒေသ)တပ်ခွဲ​​ခေါင်း​ဆောင် ကို​ဇေယျာလွင် ကလည်း​ဖေစ်ဘွခ်တွင်​ရေးသားထားသည်။

ဒီပဲယင်းမြို့သည် ​ရေဦးခရိုင်အတွင်းပါဝင်ပြီး အ​ရှေ့ဘက်တွင် ​ရေဦး၊ခင်ဦး ၊​ရွှေဘို ၊ ​​​တောင်ဘက်တွင် အာ​တော် ၊​မြောက်ဘက်တွင် တန့်ဆည် ၊အ​နောက်ဘက်တွင် ကနီ ၊အ​နောက်​တောင်ဘက်တွင် ဘုတလင်မြို့တို့ရှိသည်။

၂၀၁၄ သန်း​ခေါင်စာရင်းအရ ဒီပဲယင်းမြို့နယ်တွင် လူဦး​ရေစုစု​ပေါင်း ၁၄၀,၀၀၀ ​​ကျော်​နေထိုင်ပြီး မြို့​​ပေါ်တွင် လူဦး​ရေ ၄၀၀၀ ​ကျော် ၊ မြို့နယ်အတွင်းရှိ ​ကျေးရွာအုပ်စု ၅၀​ကျော်တွင် လူဦး​ရေ ၁၃၆၀၀၀ ​ကျော်​နေထိုင်သည်။

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်လ်တခုကလည်း”ရန်သူအနေဖြင့်ဒီပဲယင်းရရှိသွားပါပြီ။စစ်သုံ့ပန်း၂၀၀ကျော်ဖြစ်တယ်။စစ်ကိုင်း ၊မကွေး၊ မန္တ‌လေး ဟာထိန်းမရတော့ဘူး” ဟု ​ရေးသားထားသည်။ ဒီပဲယင်းမြို့ ကို​တော်လှန်​ရေးတပ်များရပြီး​နောက် အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ရှိရာ မုံရွာကို ဆက်လက်တိုက်ခိုက်ရန် ပြင်ဆင်​​နေ​ကြောင်း အဆိုပါတယ်လီဂရန်က ဆက်လက်​​ရေးသားထားသည်။

၂၀၀၃ ခုနှစ် ​မေလ ၃၀ ရက်တွင် ဒီပဲယင်းမြို့နယ် ကြည်ရွာအနီး၌ စစ်အစိုးရ၏ အစီအစဥ်ဖြင့် ပြည်​ထောင်စုကြံ့ခိုင်​ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီ အသင်းဝင်များ ၊ ​ထောင်သားများအပါအဝင် စွမ်းအားရှင်ဟုဆိုသူများ ပါဝင်သည့် ရာနှင် ချီ​​သောလူအုပ်ကြီးက အမျိုးသားဒီမိုက​ရေစီ အဖွဲ့ချုပ်ပါတီ (NLD) ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ပါ​သော ယာဥ်တန်းကို တိုက်ခိုက်လုပ်ကြံ့သတ်ဖြတ်ရာ ယာဥ်တန်းဖြင့် လိုက်ပါလာ​သူ ၇၀ ​ကျော်​သေဆုံးခဲ့သည်။ ထိုဖြစ်စဥ်​ကြီးကြောင့် ဒီပဲယင်းလုပ်ကြံမှု မှာ နာမည်ဆိုးဖြင့်​လူသိများခဲ့သည်။ လုပ်ကြံမှုတစ်ခုလုံးစီစဥ်ခဲ့​သော စစ်တပ်က အချင်းချင်းလွှဲချ ​ခေါင်း​ရှောင်​နေကြပြီး ကျူးလွန်သူများကို ယ​နေ့အထိအ​ရေးမယူနိုင်​သေး​ပေ။ထိုလုပ်ကြံမှုကြီး​နောက်ကွယ်တွင် စစ်အစိုးရ​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးသန်း​ရွှေ နှင့်စစ်ျခါင်း​ဆောင်များ အဓိကတာဝန်ရှိ​ကြောင်းနိုင်ငံ​ရေး​လေ့လာသူအချို့က​ပြောသည်။

​ရေဦး ၊ဘုတလင်မြို့တို့နှင့် မြို့နယ်ချင်းထိစပ်​နေ​ပြီး ​ရေဦး နှင့်ဘုတလင်မြို့ကိုလည်း​တော်လှန်​ရေးတပ်များက ၈၀ ရာခိုင်နှုန်း ခန့်ထိန်းချုပ်ထားနိုင့်ပြီဖြစ်​ကြောင်း ပြည်သူ့ အုပ်ချုပ်​ရေး အဖွဲ့ဝင်(ပအဖ)တစ်ဦးက​ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း အင်းတော်နှင့် ပင်လည်ဘူးမြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည်။

People’s Spring ၏ အချက်အလက်စု​ဆောင်းထားမှုအရ ​နွေဦး​တော်လှန်​ရေးတွင် ဒီပဲယင်းမြို့သည် ​တော်လှန်​ရေးတပ်ဖွဲ့များသိမ်းပိုက်နိုင်ခဲ့​သော ၇၈ မြို့​မြောက် မြို့ဖြစ်လာပြီး စစ်ကိုင်းတိုင်း​အောက်ပိုင်းတွင် ပထမဆုံးသိမ်းပိုက်နိုင်​သောမြို့ဖြစ်သည်။​တော်လှန်​ရေးတပ်များက သိမ်းပိုက်ပြီး​သော်လည်းသတင်းမထုတ်ပြန်​​​သေး​သောမြို့များကျန်ရှိနိုင်​သေးသဖြင့် သိမ်းပိုက်ထိန်းချုပ်ပြီးမြို့​မှာ ​မြေပြင်တွင် ၇၈မြို့ထက်ပင်များနိုင်ပါသည်။

▪︎မှတ်ချက်- သတင်းကို သြဂုတ် ၁၈ ရက်နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ထပ်မံဖြည့်စွက်ထားပါသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ