Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်း ဖော့တော့စစ်ဆေးရေးဂိတ် PDF သိမ်းပိုက်၊ (၇)မိုင်လေ့ကျင့်ရေးတပ် ဆက်လက်တိုက်ခိုက်နေ

ဘီလူးစစ်ကြောင်းမှ စစ်ကြောင်းမှူးအပါအဝင် ငါးဦးဖမ်းမိဟု PLAပြော

ဖော့တော့လမ်းဆုံဂိတ်အား ဝင်ရောက်တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်-သပိတ်ကျင်းလမ်းပေါ်ရှိ ဖော့တောလမ်းဆုံစစ်ဆေးရေးဂိတ်အား သိမ်းပိုက်နိုင်ခဲ့ပြီး (၇)မိုင် လေ့ကျင့်ရေးတပ်အား ဆက်လက်တိုက်ခိုက်နေကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က သြဂုတ် ၁၇ ရက် ညပိုင်းက ထုတ်ပြန်သည်။

သြဂုတ် ၁၄ရက် ညနေပိုင်းက မိုးကုတ်-သပိတ်ကျင်း – မန္တလေးလမ်းဆုံရှိ ဖော့တောလမ်းဆုံစစ်ဆေးရေးဂိတ်အား ​တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“စခတွေသေတာတော့ ရှိတယ်။သုံ့ပန်းဖမ်းမိတာတွေလည်း ရှိတယ်။အရေအတွက်တော့ အတိအကျမသိရသေးပါဘူး။”ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီဘက်က (၇)မိုင်သင်တန်းကျောင်းဘက်တွင် PDFနှင့် တအာင်းတပ်မတော်(TNLA)ဝတ်စုံများဝတ်၍ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များအား ပြန်လည်တိုက်ခိုက်မှုများရှိနေကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီဘက် မဟာမိတ်တပ်တွေက ကိုယ့်အချင်းချင်းမှတ်ပြီး သွားဆက်သွယ်တော့မှ စကစတွေမှန်းသိသွားတာ။ စခတွေက ဟန်ဆောင်ပြီး PDFတို့ TNLA တို့ LPDFယူနီဖေါင်းတွေကို ဝတ်ပြီးတိုက်တာတွေရှိနေတယ်တဲ့”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ထို့အပြင် အဆိုပါဂိတ်ရှိ စစ်ကောင်စီ​၏ ဘီလူးစစ်ကြောင်းမှ စစ်ကြောင်းမှူးအပါအဝင် ၅ဦး ဖမ်းဆီးရမိကြောင်း ၎င်းက ဆက်ပြောသည်။

ဖော့တော့လမ်းဆုံဂိတ်အား TNLA၊ မန္တလေး PDF၊ မိုးကုတ်ဗျူဟာ၊ PDF (၅၁၃)တပ်ရင်း မိုးကုတ်ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၉ရက် ညနေပိုင်းက TNLA ၊ မိုးကုတ်ဗျူဟာနှင့် PLA ​ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (၂၂၂)တပ်ဖွဲ့တို့ပူးပေါင်း၍ သပိတ်ကျင်းရှိ ခလရ(၁၄၈)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ထားသည်။

ပြီးခဲ့သည့် သြဂုတ် ၁၁ ရက်ကလည်း သပိတ်ကျင်းမြို့နယ်ရှိ ဇရပ်ကွင်းရဲကင်းစခန်းသိမ်းပိုက်နိုင်ခဲ့ပြီး စုစုပေါင်း စစ်ကောင်စီ​၏ တပ်စခန်း၉ခုအထိ သိမ်းပိုက်ရရှိထားကြောင်း မန္တလေး PDFက ထုတ်ပြန်ထားသည်။

သြဂုတ် ၁၂ ရက်ကလည်း သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၆၄ဦး သေဆုံးပြီး ၂၀ဦး ဖမ်းမိကာ လက်နက်မျိုးစုံ ၈၃ လက်နှင့် ကျည်ဆန်သောင်းချီ၍ သိမ်းဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။