Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်း ဖော့တော့စစ်ဆေးရေးဂိတ် PDF သိမ်းပိုက်၊ (၇)မိုင်လေ့ကျင့်ရေးတပ် ဆက်လက်တိုက်ခိုက်နေ

ဘီလူးစစ်ကြောင်းမှ စစ်ကြောင်းမှူးအပါအဝင် ငါးဦးဖမ်းမိဟု PLAပြော

ဖော့တော့လမ်းဆုံဂိတ်အား ဝင်ရောက်တိုက်ခိုက်ပြီးနောက် တွေ့ရစဥ်

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ မိုးကုတ်-သပိတ်ကျင်းလမ်းပေါ်ရှိ ဖော့တောလမ်းဆုံစစ်ဆေးရေးဂိတ်အား သိမ်းပိုက်နိုင်ခဲ့ပြီး (၇)မိုင် လေ့ကျင့်ရေးတပ်အား ဆက်လက်တိုက်ခိုက်နေကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)က သြဂုတ် ၁၇ ရက် ညပိုင်းက ထုတ်ပြန်သည်။

သြဂုတ် ၁၄ရက် ညနေပိုင်းက မိုးကုတ်-သပိတ်ကျင်း – မန္တလေးလမ်းဆုံရှိ ဖော့တောလမ်းဆုံစစ်ဆေးရေးဂိတ်အား ​တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“စခတွေသေတာတော့ ရှိတယ်။သုံ့ပန်းဖမ်းမိတာတွေလည်း ရှိတယ်။အရေအတွက်တော့ အတိအကျမသိရသေးပါဘူး။”ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီဘက်က (၇)မိုင်သင်တန်းကျောင်းဘက်တွင် PDFနှင့် တအာင်းတပ်မတော်(TNLA)ဝတ်စုံများဝတ်၍ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များအား ပြန်လည်တိုက်ခိုက်မှုများရှိနေကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီဘက် မဟာမိတ်တပ်တွေက ကိုယ့်အချင်းချင်းမှတ်ပြီး သွားဆက်သွယ်တော့မှ စကစတွေမှန်းသိသွားတာ။ စခတွေက ဟန်ဆောင်ပြီး PDFတို့ TNLA တို့ LPDFယူနီဖေါင်းတွေကို ဝတ်ပြီးတိုက်တာတွေရှိနေတယ်တဲ့”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ထို့အပြင် အဆိုပါဂိတ်ရှိ စစ်ကောင်စီ​၏ ဘီလူးစစ်ကြောင်းမှ စစ်ကြောင်းမှူးအပါအဝင် ၅ဦး ဖမ်းဆီးရမိကြောင်း ၎င်းက ဆက်ပြောသည်။

ဖော့တော့လမ်းဆုံဂိတ်အား TNLA၊ မန္တလေး PDF၊ မိုးကုတ်ဗျူဟာ၊ PDF (၅၁၃)တပ်ရင်း မိုးကုတ်ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သြဂုတ် ၉ရက် ညနေပိုင်းက TNLA ၊ မိုးကုတ်ဗျူဟာနှင့် PLA ​ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (၂၂၂)တပ်ဖွဲ့တို့ပူးပေါင်း၍ သပိတ်ကျင်းရှိ ခလရ(၁၄၈)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ထားသည်။

ပြီးခဲ့သည့် သြဂုတ် ၁၁ ရက်ကလည်း သပိတ်ကျင်းမြို့နယ်ရှိ ဇရပ်ကွင်းရဲကင်းစခန်းသိမ်းပိုက်နိုင်ခဲ့ပြီး စုစုပေါင်း စစ်ကောင်စီ​၏ တပ်စခန်း၉ခုအထိ သိမ်းပိုက်ရရှိထားကြောင်း မန္တလေး PDFက ထုတ်ပြန်ထားသည်။

သြဂုတ် ၁၂ ရက်ကလည်း သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၆၄ဦး သေဆုံးပြီး ၂၀ဦး ဖမ်းမိကာ လက်နက်မျိုးစုံ ၈၃ လက်နှင့် ကျည်ဆန်သောင်းချီ၍ သိမ်းဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အတွင်းက ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်းမှာ နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ စစ်တပ်အထိုင်ချရာ နေရာတွေနဲ့ လွတ်ကင်းရာနေရာ ဒေသတွေကို ခေတ္တပြောင်း‌ရွှေ့နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRIဗျူဟာ က ထုတ်ပြန်ထားပါတယ်။

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။