Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကလေကြောင်းဖြင့် ဆက်တိုက် တိုက်ခိုက်နေ၍ လူစုလူဝေး မလုပ်ရန် အပါအဝင် လိုက်နာရန် အချက်များ CDF ထုတ်ပြန်

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်လျက်ရှိသည့်အတွက် ပြည်သူလူထုများ လိုက်နာရမည့်အချက်များကို ချင်းဒေသကာကွယ်ရေးတပ်(CDF)က သြဂုတ် ၁၉ ရက်တွင်ထုတ်ပြန်သည်။

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းကို စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်လျက်ရှိသည့်အတွက် ပြည်သူလူထုများ လိုက်နာရမည့်အချက်များကို ချင်းဒေသကာကွယ်ရေးတပ်(CDF)က သြဂုတ် ၁၉ ရက်တွင်ထုတ်ပြန်သည်။

အဆိုပါ အချက်များမှာ လူစုလူဝေး မပြုလုပ်ရန်၊ နေအိမ်များအနီးအိမ်အောက်မဟုတ်သည့်နေရာ၌ပုန်းခိုစရာ နေရာများသေချာတူးပေးကြရန်၊ မိမိအန္တရယ်ကင်းဖို့ သတင်းများကို အုပ်ချုပ်ရေးမှူး(သို့)တာဝန်ရှိသူများကိုသာ မေးမြန်းရန်၊ပြည်သူများစိတ်သောက ရောက်စေသည့်သတင်းမှားဖြန့်ဝေခြင်းများမပြုလုပ်ကြရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ဩဂုတ် ၁၉ ရက်မနက် အစောတွင် မင်းတပ်မြို့ အမှတ်(၄) တစ်နေရာသို့ ပေါင် ၅၀၀ ဗုံးနှင့် ဗုံးအသေး ၇ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်မှ ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။

“မကွဲသေးသည့် ဗုံးများရှိနေသည့်အပြင် ထိခိုက်ပျက်ဆီးမှုများလည်း ရှိတယ်လို့ကြားသိရပါတယ်” ဟုလည်း မင်းတပ်ဒေသခံက လူမှုကွန်ရက်၌ရေးသားသတိ​ပေးထားသည်။

လေကြောင်းရန်ကို ပြည်သူများ နှင့် ရဲဘော်များ အထူးဂရုစိုက်ကြရန်လည်း ဒေသခံက တိုက်တွန်းထားသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ မင်းတပ်မြို့နယ်ကို လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လျက်ရှိရာ အရပ်သားသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။