Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီနယ်မြေရဲစခန်းနှစ်ခု စခန်းစွန့်သွား

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရဲစခန်းနှစ်ခုမှ စစ်ကောင်စီတပ်နှင့်ရဲများ စခန်းစွန့် ဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။

စစ်ကောင်စီတပ်သားနှင့်ရဲများ စခန်းစွန့်ဆုတ်ခွာသွားသော ကျထိုးနယ်မြေရဲစခန်းအား PDFများ ဝင်ရောက် နယ်မြေရှင်းလင်းခဲ့စဥ်။ ဓာတ်ပုံ - နွေဦးတော်လှန်ရေး-မြိုင်မြို့

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရဲစခန်းနှစ်ခုမှ စစ်ကောင်စီတပ်နှင့်ရဲများ စခန်းစွန့် ဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။

ယနေ့(သြဂုတ် ၂၂ရက်)နံနက် ၂နာရီခန့်က ပခုက္ကူမြို့နယ်ရှိ သာကြီးတောင်ရေနံမြေ ရဲကင်းစခန်းရှိ ရဲများမှာ စခန်းစွန့်ခွာထွက်ပြေးပြီး ကမ္မမြို့မရဲစခန်းအတွင်းသို့ သွားရောက်ပူးပေါင်းဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

Public Service Announcement

Public Service Announcement

သာကြီးတောင်ရဲကင်းစခန်းအား သြဂုတ် ၂၀ ရက် နံနက်က တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကာ စစ်သုံ့ပန်းသုံးဦးနှင့် လက်နက် ၈လက်အပါအဝင် ခဲယမ်းများအား PDFများက ရရှိခဲ့သည်။ ထို့နောက် တစ်ရက်အကြာတွင် စခန်းစွန့်ခွာသွားခြင်းဖြစ်သည်။

တချိန်တည်းမှာပင် ပခုက္ကူမြို့နယ်၊ ကျထိုးနယ်မြေရဲစခန်းမှ စစ်ကောင်စီတပ်နှင့်ရဲ အင်အား ၂၅ဦးခန့်သည် ညောင်ကျစ်ပင်ပျူစောထီးစခန်းသို့ ဆုတ်ခွာသွားကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။

“သာကြီးတောင်ကတော့ အတိုက်ခံရလို့ ဆုတ်သွားတာ။ ကျထိုးကတော့ ကျွံနေတဲ့စခန်းဆိုတော့ အဆော်ခံရမှာသိနေတော့လေ။ မဆော်ခံရခင် ဆုတ်သွားတဲ့သဘောပါ။ သူ့ကိုစစ်ကူလည်းမပို့နိုင်ဘူး။ ကျွံနေတာထီးထီးကြီးဖြစ်နေတာပေါ့။”ဟု မြိုင်ပကဖမှ ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ စခန်းများအား စစ်ကောင်စီတပ် ပြန်အထိုင်မချနိုင်စေရန် PDFများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

သြဂုတ် ၇ရက်နှင့် ၈ရက်များကလည်း ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ ကိုင်းတောမရဲစခန်းနှင့် ဝက်ပုတ်ပျူစောထီးစခန်းများအား လက်နက်ခဲယမ်းများနှင့်တကွ PDFများက သိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ်(၂၅၂)ခြေလျင်တပ်ရင်း ခလရ-၂၅၂ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ် တစ်ဦး ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။