Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူတပ်မ(၁၀၁)စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၂ ဦးထက်မနည်းသေဟု မြိုင်ပကဖ ပြော

စစ်သုံ့ပန်း ၅ ဦးဖမ်းမိ၊ သေနတ် ၁၉ လက်အပါအဝင်ခဲယမ်းများရ

ကိုင်းတောမရွာသစ်ကျေးရွာမှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-မြိုင်ပကဖ

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပခုက္ကူမြို့အခြေစိုက် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ စစ်ကြောင်းအား တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၂ဦးထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၅ ဦး ဖမ်းမိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောသည်။

သြဂုတ် ၂၁ ရက် နံနက် ၆နာရီခန့်က မြိုင်မြို့နယ်၊ ကိုင်းတောမရွာသစ်ကျေးရွာမှလာသော တမခ(၁၀၁)မှ စစ်ကောင်စီစစ်ကြောင်းအား ဒေသတွင်းတော်လှန်ရေးတပ်များပူးပေါင်း၍ ခြုံခိုက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၂ဦးထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၅ ဦး ဖမ်းမိကာ သေနတ် ၁၉ လက်အပါအဝင် ခဲယမ်းများရရှိခဲ့ကြောင်း မြိုင်ပကဖ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့က ကျန်တဲ့ရွာတွေကို လုပ်မယ်ဆိုပြီး ရွာထဲချန်တဲ့သူကချန် သုံးလေးဆယ်လောက်ထွက်လာတာ။ အဲဒီမှာ​ကျွန်တော်တို့ကခြုံခိုတာနဲ့ ထိတွေ့မှုဖြစ်ကြတာ။ သူတို့အခြေပြုထားတဲ့ဘုန်းကြီးကျောင်းရဲ့ ယာလေးငါးခြောက်ခင်း အကွာလောက်မှာဖြစ်တာ။”ဟု မြိုင် ပကဖမှ ရဲဘော်တစ်ဦးက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားအလောင်း ၁၂ လောင်း မျက်မြင်တွေ့ရှိခဲ့ရပြီး လက်နက်ချအညံ့ခံသူ ၅ဦးရှိသည်ဟု ဆိုသည်။

ထို့အပြင် MA1 – ၆ လတ် ၊ MA2 – ၃ လတ် ၊ MA3 – ၄လတ် ၊ MA4 – ၁ လတ် ၊ MA11 – ၁ လတ် ၊ G3 – ၂လတ်အပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ကြောင်း မြိုင်ပကဖ က အသိပေးသည်။

အဆိုပါ စစ်ကြောင်းသည် ပခုက္ကူမြို့အခြေစိုက် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ စစ်ကြောင်းဖြစ်ပြီး ပြီးခဲ့သည့်ဇွန်လကလည်းက မြိုင်မြို့နယ်သို့ ရောက်ရှိလာကြောင်း၊ ယခု သြဂုတ်အတွင်း ကိုင်းတောမရွာသစ်ကျေးရွာသို့ရောက်ရှိ အခြေချကာ အနီးနားပတ်ဝန်းကျင်ကျေးရွာများအား ခိုးဆိုးလုယက်၊ မီးရှို့ဖျက်ဆီးနေသော စစ်ကြောင်းဖြစ်ကြောင်း မြိုင်ပကဖ တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင် ပကဖ ၊ ပခုက္ကူခရိုင်တပ်ရင်းအမှတ်(၂ ၊ ၆ ၊ ၇)တပ်ရင်းများ ၊ ပကဖတပ်ပေါင်းစု အမှတ်(၁) တပ်ရင်း၊ ပခုက္ကူစုဖွဲ့မှု( Earthquake ၊ PPDF ၊ Young Force) ၊ အညာမြေတပ်ပေါင်းစု ၊ ကမ္မတပ်ပေါင်းစု ၊ BLY တပ်ဖွဲ့ ၊ PKU- THURAIN ၊ စကြာပြည်သူ့ကာကွယ်‎ေရေးတပ်ဖွဲ့ ၊ ဝံပုလွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်) ၊ အလင်းတန်းပျောက်ကြားတပ်ဖွဲ့ ၊ PLC တပ်ပေါင်းစု ၊ ဓားမင်းကြီးတပ်ဖွဲ့ ၊ Justice Revolution Force နှင့်အခြားသော ဒေသတွင်းလက်နက်ကြီးငယ်အဖွဲ့များ ၊ ဒရုန်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၇ ရက်နှင့် ၈ ရက်ကလည်း ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ ကိုင်းတောမရဲစခန်းနှင့် ဝက်ပုတ်ပျူစောထီးစခန်းများအား ဒေသတွင်းPDFများက သိမ်းပိုက်ခဲ့သည်။

သေဆုံးအမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်စစ်ကြောင်းမှ တပ်သားများ၏ ရုပ်အလောင်းများအား https://t.me/PeopleSpring တွင် သွားရောက်ကြည့်ရှု့နိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အမှတ်(၂၅၂)ခြေလျင်တပ်ရင်း ခလရ-၂၅၂ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သားသစ် တစ်ဦး ပခုက္ကူအခြေစိုက် COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်လာခဲ့ပါတယ်။