Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့တွင် စစ်တပ်က ပြည်သူနှစ်ဦးသတ်ဖြတ်၊ တစ်ဦးရုပ်အလောင်း လမ်းဘေးစွန့်ပစ်သွား

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့တွင် စစ်ကောင်စီတပ်က ပြည်သူနှစ်ဦးကို သတ်ဖြတ်ပြီး တစ်ဦး၏ ရုပ်အလောင်းအား လမ်းဘေးတွင် စွန့်ပစ်သွားကြောင်း သတင်းရရှိသည်။

ချောင်းဦးမြို့တနေရာတွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်သားတစ်ဦးအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့တွင် စစ်ကောင်စီတပ်က ပြည်သူနှစ်ဦးကို သတ်ဖြတ်ပြီး တစ်ဦး၏ ရုပ်အလောင်းအား လမ်းဘေးတွင် စွန့်ပစ်သွားကြောင်း သတင်းရရှိသည်။

ယနေ့ (သြဂုတ် ၂၂ ရက်)နံနက်ပိုင်းက ချောင်းဦးမြို့နယ်၊ ချောင်းဦး – ပခုက္ကူလမ်းခွဲတနေရာတွင် ခြေ၊ လက်များကြိုးတုပ်ထားသည့် အမျိုးသားရုပ်အလောင်း တစ်လောင်းအား စစ်ကောင်စီတပ်က လာရောက် စွန့်ပစ်သွားကြောင်း ဒေသခံများက ပြောသည်။

“မနက်က လက်ပြန်ကြိုးတုပ်ပြီး သေဆုံးနေတဲ့ အမျိုးသားတစ်လောင်းပေါ့။ တွေ့တယ်လို့ပဲ သိရသေးတယ်။ အဲနားကိုလည်း ဘယ်သူမှ သွားပြီးမကြည့်ရဲတာကြောင့် ဘယ်သူဘယ်ဝါဆိုတာလည်း ခုချိန်ထိမပေါ်သေးဘူး”ဟု ချောင်းဦးဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ချောင်းဦးမြို့မဈေးအရှေ့ဘက်တွင်လည်း အမျိုးသမီးငယ်တစ်ဦးကို စစ်တပ်က အကြောင်းမဲ့ပစ်သတ်ခဲ့ကြောင်း Chaung U Revolution က ဖော်ပြသည်။

သေဆုံးသူမှာ (၂၄)နှစ်အရွယ် မဇာခြည်ဦးဆိုသူဖြစ်ပြီး ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

“အဲဒီအမျိုးသမီးက သွားဆေးခန်းသွားပြတာတဲ့။ ဆေးခန်းသွားပြရင်း အဖမ်းခံရတာ။ သူတို့ကန့်သတ်ထားတဲ့နေရာဝင်လိုက်လို့လို့ပြောတယ်။ အဖမ်းခံရတဲ့အခါမှာ ကြောက်အားလန့်အားနဲ့ ထွက်ပြေးတဲ့အခါမှာ ပစ်ခံလိုက်ရတာလို့ ပြောတယ်။”ဟု ချောင်းဦးဒေသခံတစ်ဦးက ပြောသည်။

အမျိုးသမီး၏ ရုပ်အလောင်းမှာမူ မိသားစုထံပြန်သယ်ဆောင်သွားသည်ဟု ဆိုသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ချောင်းဦးမြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူများအား ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း၊ မြို့ပေါ်၌ စစ်မှုထမ်းရန်စာများ လိုက်လံပစ်နေပြီး စစ်မှုမထမ်းလိုပါက ကျပ်သိန်း ၄၀ပေးရန် တောင်းနေကြောင်း၊ ထို့ကြောင့် လူငယ်များမှာထွက်ပြေးတိမ်းရှောင်နေရကြောင်း ချောင်းဦးမြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်တဲ့ ဘိုးဘွားအိုနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်က ဆင်မြေကျေးရွာကို အာဏာသိမ်းစစ်တပ်က ၃ ရက်ဆက် မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ရာနဲ့ချီပြာကျနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။