Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်တွင် စခန်းစွန့်ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်အား PDFများ ကြားဖြတ်တိုက်ခိုက်

မကွေးတိုင်း၊ရေစကြိုမြို့နယ်ရှိ ဟင်္သာပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ဆုတ်ခွာချိန် ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်း​ဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

ဟင်္သာရွာမှ ထွက်လာသော စစ်ကောင်စီတပ်များအား PDF ရဲဘော်များ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ- MBT

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ရေစကြိုမြို့နယ်ရှိ ဟင်္သာပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ဆုတ်ခွာချိန် ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်း​ဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

သြဂုတ်၂၁ ရက်​က ဟင်္သာကျေးရွာစခန်းမှ အင်အား ၄၀ခန့်ပါ စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများသည် စခန်းစွန့်၍ ပခန်းကြီးတပ် စခန်းသို့ ဆုတ်ခွာလာချိန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ခုနစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာသူမိားလည်းရှိသည်ဟု Myingyan Black Tiger (MBT)တပ်ဖွဲ့က ဆိုသည်။

“တိုက်ပွဲက ၁၅မိနစ်လောက်ပဲ ကြာခဲ့တာပါ။ မောဂ္ဂလန်ရွာသင်္ချိုင်းကုန်းနားမှာ တိုက်ခိုက်ခဲ့တာပါ။ ၇ ဦးသေတာကမျက်မြင်ပါ။ အဓိကကတော့ မိုင်းဆွဲတိုက်ခိုက်တာပါ။”ဟု MBT တပ်ဖွဲ့ခေါင်း​ဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိခိုက်သေဆုံးသူများအား စစ်ကောင်စီတပ်ကလာရောက် ကောက်ယူသွားပြီး ပခုက္ကူဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု MBT က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအား Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် (၉)တပ်ရင်းနှင့် Dragon Brothers People Defense Force (YSO)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရေစကြိုမြို့နယ်ရှိ ဟင်္သာ​ပျူစောထီးကျေးရွာစခန်းအား ရေစကြိုစပကဖနှင့်မဟာမိတ်အဖွဲ့များက ၁၀ ရက်ကျော်ကြာတိုက်ခိုက်ပြီးနောက် စခန်းအားသိမ်းပိုက်ကာ မီးရှို့နိုင်ခဲ့ပြီး စစ်ကောင်စီတပ်များ စခန်းစွန့်ဆုတ်ခွာသွားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာနယ်မြေရဲစခန်းမှူး ရဲအုပ်‌ဇော်ဝင်းကို ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူအချို့ ထိခိုက်သေဆုံး

သတင်း

ရေကြီးရေလျှံဒေသများသို့ ကူညီကယ်ဆယ်ရေးနှင့် အရေးပေါ်စားနပ်ရိက္ခာပံ့ပိုးခြင်း လုပ်ငန်းများအား မြို့နယ်တာဝန်ခံများမှတဆင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေးသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီ၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)တိုက်ခိုက်မှုအတွင်း လက်နက်ကြီးများ ကျရောက်ပြီး ထိခိုက်ပျက်စီးမှုများရှိကြောင်း ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B)၏ တာဝန်ရှိသူက ပြောသည်။