Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲမဖြစ်သည့်သိန္နီမြို့နယ်ကို စစ်ကောင်စီ လေကြောင်းမှထပ်မံဗုံးကြဲ

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုဆက်လက်ပြုလုပ်ခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်သည်။

တိုက်ပွဲမဖြစ်သည့်သိန္နီမြို့နယ်ကို စစ်ကောင်စီ လေကြောင်းမှဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဥ်။ ဓာတ်ပုံ - File

ဟန်နွေ/People’s Spring

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုဆက်လက်ပြုလုပ်ခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်သည်။

ဩဂုတ် ၂၄ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့်သိန္နီခရိုင် လျင်ဟော်ဒေသ သံလွင်ကျေးရွာရှိ လူနေအိမ်များကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ခိုက်ခဲ့၍ နေအိမ်သုံးလုံးထိမှန်ပျက်စီးခဲ့သော်လည်း လူထိခိုက်သေဆုံးမရှိဟု MNDAAက ထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦးများ၏ ရုပ်သံမှတ်တမ်းကိုလည်းဖော်ပြခဲ့သည်။

စစ်ကောင်စီတပ်သည် MNDAAက လားရှိုးမြို့သိမ်းတိုက်ပွဲဆင်နွှဲချိန်ကတည်းက တိုက်ပွဲဖြစ်ပွားမှုမရှိသည့် လောက်ကိုင်မြို့နှင့် သိန္နီမြို့များကို လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အရပ်သား သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

အလားတူ ရက္ခိုင်၊ တအာင်းဒေသများတွင်လည်း တိုက်ပွဲမဖြစ်သည့် မြို့ရွာများကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

ထိုသို့ တိုက်ခိုက်မှုကို တရုတ်အပါအဝင်နိုင်ငံတကာက ဟန့်တားပေးရန် ကိုးကန့်၊ တအာင်းနှင့် ရက္ခိုင်တပ်များက စုပေါင်းတောင်းဆိုထားသော်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေဆဲပင်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook