Connect with us

Hi, what are you looking for?

သတင်း

မုန်းမြို့တွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် သံဃာတစ်ပါး ပျံလွန်တော်မူ၊ ကိုရင်တစ်ပါးနှင့် ကျောင်းသားများ ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်အတွင်း စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ သံဃာတစ်ပါး ပျံလွန်တော်မူပြီး ကိုရင်နှင့်ကျောင်းသား၊ကျောင်းသူများ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

မုန်းမြို့နယ်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်အတွင်း စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၍ သံဃာတစ်ပါး ပျံလွန်တော်မူပြီး ကိုရင်နှင့်ကျောင်းသား၊ကျောင်းသူများ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

ဩဂုတ်တတိယပတ်အတွင်း ဖြူးမြို့အရှေ့ လိပ်ပေါက်ကျေးရွာအနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)တပ်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ၏ ခမရ−၄၃၉ တပ်ရင်းမှ ကုန်းအင်းတောင်ကျေးရွာ၊ ကုန်းအင်းအနောက်ကျေးရွာ၊ ကုန်းအင်းအရှေ့ကျေးရွာ၊ ဆက်ကုန်းကျေးရွာ ၊ဆင်တဲကုန်းကျေးရွာနှင့် သပြေခင်ကျေးရွာ များသို့ ရည်ရွယ်ချက် ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၁၇ရက်တွင် ခမရ−၄၃၉ တပ်ရင်းမှ ပစ်ခတ်ခဲ့သော လက်နက်ကြီးများသည် အိမ်ပင်သာကျေးရွာ ကျေးရွာဘုန်းကြီးကျောင်းပေါ် သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး သံဃာတစ်ပါး ဦးခေါင်းဒဏ်ရာရခဲ့ပြီး ဆေးကုသခံယူစဉ် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ထို့ပြင် ကိုရင်တစ်ပါးလည်း ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

ဩဂုတ် ၂၁ရက်တွင်လည်း စစ်ကောင်စီ​၏ ခမရ−၅၉၉ တပ်ရင်းမှ ၁၂၀မမ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကျွန်းတောကျေးရွာစာသင်ကျာင်းဝိုင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ ၅ဦး ဒဏ်ရာရခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသတွင်း ကျေးရွာများ၌နေထိုင်သော ပြည်သူလူထုများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။

စစ်ကောင်စီအနေဖြင့် KNU နယ်မြေများအတွင်း လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုများ ပြုလုပ်ကာ အရပ်သားများပစ်မှတ်ထား တိုက်ခိုက်နေ၍ အရပ်သားသေဆုံးထိခိုက်မှု မကြာခဏ ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံက ကျောင်းအုပ်ကြီး တစ်ဦးရဲ့ ဆုံးဖြတ်ချက် တစ်ခုဟာ ကျောင်းသူကျောင်းသား ၉၀၀ လောက်ဟာ လူသတ် တောင်ကျရေတွေရဲ့ အန္တရာယ်ဆိုးကြီးကနေ ကပ်ပြီး လွတ်မြောက်ခဲ့ကြပါတယ်။

Facebook