Connect with us

Hi, what are you looking for?

သတင်း

မောင်တောမြို့သိမ်းတိုက်ပွဲဆက်လက်ပြင်းထန် ၊ စစ်ကောင်စီဘက်မှ ၁၀၀ ကျော်သေဆုံး ပြီးစစ်သုံ့ပန်းများ လက်နက်ခဲယမ်းများရရှိ

သံတွဲမြို့နယ်မောင်ရွှေလေးရေတပ် နှင့် ဂွမြို့နယ်၊ ကျိန္တလီမြို့အနီးတိုက်ပွဲဆက်ပြင်းထန်

ဓါတ်ပုံ-AA Info desk

-မိထက်/People’s Spring

မောင်တောမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး သုံးရက်အတွင်း စစ်ကောင်စီဘက်မှ ၁၀၀ ကျော်သေဆုံးကာ စစ်သုံ့ပန်းများကိုလည်း ဖမ်းမိခဲ့သည်ဟု အာရက္ခတပ်တော်(AA)ကယနေ့(ဩဂုတ်လ ၂၆ရက်) ည၌ထုတ်ပြန်သည်။

မောင်တောမြို့၊ အမှတ် (၂) ရပ်ကွက်၊ (ဖေဇီရွာ နှင့် မောင်နီရွာ)တွင် ဩဂုတ်လ ၂၄ရက်မှ ဩဂုတ်လ ၂၆ရက်အတွင်းတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ အလောင်းများ၊ သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု ​​ဖော်ပြထားသည်။

” ရန်သူ နှင့် အပေါင်းအပါ အလောင်း (၁၀၀) ကျော်အား ကောင်းမွန်စွာ မြေမြှုပ်ပေးနိုင်ခဲ့သကဲ့သို့ သုံ့ပန်းအချို့ကိုလည်း မောင်တော မြို့တွင်း၊ မြို့ပြင်များမှ ဖမ်းဆီးရမိခဲ့သည်”ဟု AAကထုတ်ပြန်ထားသည်။ဖမ်းဆီးရရှိ​သောစစ်သုံ့ပန်းများမှာ ဆယ်နှင့်ချီရှိသည်။

Public Service Announcement

Public Service Announcement

လက်နက်များဖြင့် ထွက်ပြေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နောက်လိုက်များအား လိုက်လံချေမှုန်းလျက်ရှိပြီး လက်ကျန်ခံစစ်စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဟု အသိပေးထားသည်။

မောင်တောမြို့အတွင်း ခံစစ်ပြင်ဆင်ထား သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်း မူဆလင်လက်နက်ကိုင်အဖွဲ့များ၊ ARSA၊ RSO၊ ARA အကြမ်းဖက်တပ်ဖွဲ့ဝင်များသည် AA၏ ထိုးစစ်အောက်တွင် အထိအခိုက်၊ အကျအဆုံးများနှင့်အတူ ကစဉ့်ကလျားထွက်ပြေးခြင်း၊ လက်နက်ချအညံ့ခံခြင်းများကို ဆက်တိုက် ပြုလုပ်လာသောကြောင့် မောင်တောမြို့သည် အာရက္ခတပ်တော်၏ အလုံးစုံထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာမည့် မြို့ဖြစ်လာတော့မည်ဖြစ်ဟု ဩဂုတ်လ ၂၄ရက်ညက ထုတ်ပြန်ခဲ့သည်။

ယခုအခါ သုံးရက်မြောက်ညတွင် တိုက်ပွဲနောက်ဆက်တွဲကို ထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။

ထိုအပြင် သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ် နှင့် ဂွမြို့နယ်၊ ကျိန္တလီမြို့အနီး ကျောက်ပါးစပ်ကျေးရွာ အနီးတို့တွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး

စစ်ကောင်စီက စစ်သင်္ဘော ရှစ် စီးဖြင့် လက်နက်၊ လူအင်အား ဖြည့်တင်းနေခြင်း၊ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေပြီး တိုက်ပွဲများပြင်းထန်​နေသည်ဟု အသိပေးထားသည်။​

မောင်​ရွှေ​လေး​ရေတပ်စခန်းနှင့် ဘဂ်လားပင်လယ်​အော်ရှိစစ်သ​ဘော်များသည် သံတွဲမြို့နယ် တွင် ​နောက်ဆုံးကျန်​သောစခန်းများဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။