Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်မြို့တွင် လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်‌နေ

တိုက်ပွဲပြင်းထန်နေသော တောင်းခမ်းကို သသနတပ်က ပစ်ကူပေးနေခြင်းဟု မြို့ခံများပြော

နောင်ချိုမြို့နယ် တောင်းခမ်းရွာရှိ စစ်ကောင်စီတပ်အား တိုက်ခိုက်နေသော TNLAရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA

မိထက်/People’s Spring

ပြင်ဦးလွင်မြို့ရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်နေသော တောင်းခမ်းကျေးရွာသို့ လက်နက်ကြီးပစ်ကူဆက်တိုက်ပေးနေကြောင်း အဆိုပါမြို့ခံများက ပြောသည်။

ယနေ့(ဩဂုတ် ၂၇ရက်) ညနေ ၆နာရီခန့်မှစတင်၍ လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ကြားနေရခြင်းဟု ဒေသခံများက ပြောသည်။

တအာင်းတပ်မတော်(TNLA)ဦးဆောင်သော တော်လှန်ရေးများက နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ယင်းနေရာသို့ ပြင်ဦးလွင်မြို့ အခြေစိုက် သိပ္ပံနှင့် သုတေသနနည်းပညာဌာနချုပ်(သသန)တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဟု ကနဦးသိရပြီး အသေးစိတ်အတည်မပြုနိုင်သေး ကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

” သသနတပ်ကနေ ပစ်နေတာ ၂ရက်ရှိပြီ။ အရင်ရက်က ပစ်တာ ဒီနေ့လောက်မများဘူး။ ဒီနေ့က ခပ်စိတ်စိတ်ပစ်နေတာ”ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။

သသနတပ်သည် ပြင်ဦးလွင်မြို့ရှိ ဒီဇင်ဘာခြံ အကျော်တွင်ရှိသည်။

“တောင်းခမ်းမှာ TNLAက အင်အား သုံးထောင်လောက်နဲ့ တက်လုံးနေတယ်ကြားတယ်။ အဲဒါကြောင့် ဒီကနေ ပစ်နေတာလို့ကြားတယ်”ဟု ပြင်ဦးလွင်မြို့ခံက ပြောသည်။

လက်နက်ကြီးပစ်ခတ်သံများသည် ပြင်ဦးလွင်မြို့ပေါ်အပြင် မြို့သစ်၊ ဒီဇင်ဘာခြံပတ်ဝန်းကျင်၊ အင်းယား၊ နောင်ခမ်းကြီးကျေးရွာတို့တွင် ကျယ်လောင်စွာကြားနေရသည်ဟု ဆိုသည်။

” အိမ်တောင်တုန်တယ်။ အရပ်သားတွေ နေစရာမရှိတော့ဘူး ပစ်ခတ်နေတာက။ စစ်တပ်က ဧကတစ်သောင်းနားမှာ လက်နက်ကြီးဆင်ပြီး တောင်ခမ်းဘက်ကိုပစ်နေတာပါ”ဟု ဒီဇင်ဘာခြံအနီးနေသူတစ်ဦးက ပြောသည်။

တောင်ခမ်းရွာရှိ စစ်ကောင်စီ၏ အမှတ် (၉၀၂) အမြောက်တပ်ရင်းကို TNLA)နှင့် PDF မဟာမိတ်များက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရပြီး အသေးစိတ်မသိရှိရသေးပေ။

အမှတ် (၉၀၂) အမြောက်တပ်ရင်း အပြင်းအထန် တိုက်ခိုက်ခံနေရ၍ ယမန်နေ့လည်း လေကြောင်းမှနှစ်ကြိမ်ပစ်ကူပေးခဲ့ရကြောင်း စစ်ကောင်စီလက်အောက်ခံတယ်လီဂရမ်ချန်နယ်များ၌ဖော်ပြထားသည်။

နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာ၊ (၆၀၄) တပ်ရင်းနှင့် မကျီးရေကျေးရွာမှ ခမရ(၃၅၄)တပ်ရင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ Y12 ဖြင့် (၃)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု TNLAက ဩဂုတ် ၂၅ရက်တွင် သတင်းထုတ်ပြန် ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကနေ ရှမ်းမြောက် နောင်ချိုမြို့နယ်က ဂုတ်ထိပ်တံတားနဲ့ ကူးသန်းတဲ့ ရထား လမ်းချော်ပြီး တိမ်းစောင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေး-ပြင်ဦးလွင်လမ်းမှာ အစီးရေရာချီတဲ့ ဆိုင်ကယ်ဘီးကြီးအုပ်စုလိုက်မောင်းနှင်တဲ့ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့လို့ ဝေဖန်ခံနေရပါတယ်။

သတင်း

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်ရှေ့မှာ တော်လှန်ပြည်သူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို ဒီကနေ့ (ဇွန် ၁၉) မှာ ဖော်ဆောင်ခဲ့ပါတယ်။

သတင်း

ပြင်ဦးလွင်မြို့၊ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ပြန်စဖို့ ဖွင့်ပွဲကို စစ်ခေါင်းဆောင်မင်း အောင်လှိုင် တက်မှာဖြစ်ပြီး လမ်းပိုင်းလုံခြုံရေးတွေတင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။