Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန် – မန္တလေးအမြန်လမ်း လုံခြုံရေးစခန်းသိမ်းပိုက်ရာ တပ်မ(၉၉)မှဗိုလ်ကြီးဝေဖြိုးသူ ဖမ်းမိဟု မြင်းခြံခရိုင်တပ်ရင်း(၄)ပြော

စခန်းသိမ်းပိုက်နိုင်ပြီး စစ်သား ၅ ဦးသေ၊လက်နက်ခဲယမ်းများသိမ်းရဟုဆို

ရန်ကုန်-မန္တလေးအမြန်လမ်းအနီး လုံခြုံရေးစခန်းမှ ဖမ်းဆီးရမိသော ဗိုလ်ကြီးဝေဖြိုးသူနှင့် တပ်သားအား လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-NPDF

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန် – မန္တလေး အမြန်လမ်းရှိ လုံခြုံရေးစခန်းတိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်မှဗိုလ်ကြီးဝေဖြိုးသူအပါအဝင် စစ်သုံ့ပန်း ၂ဦးဖမ်းဆီးရရှိကြောင်း မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း တာဝန်ရှိသူက ပြောသည်။

ယမန်နေ့(သြဂုတ် ၂၉ ရက်) ညနေ ၄ နာရီခွဲခန့်က ရန်ကုန် – မ‌န္တလေးအမြန်လမ်းမနှင့် တစ်မိုင်ခန့်အကွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ပွဲချင်းပြီး သေဆုံးကြောင်း မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။

“အမြန်လမ်းကို လုံခြုံရေးပေးတဲ့ အထိုင်စခန်းပါ။ မိနစ် ၂၀ လောက် ကြာတယ်။ စခန်းသိမ်းနိုင်ခဲ့ပါတယ်။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စခန်း၌တာဝန်ကျနေသော အမှတ်(၉၉) ခြေမြန်တပ်မဌာနချုပ်မှ ဗိုလ်ကြီးဝေဖြိုးသူနှင့် တပ်သားတစ်ဦးအား အရှင်ဖမ်းဆီးရမိခဲ့ပြီး သေနတ် ၇လက်နှင့် ခဲယမ်းအချို့လည်း ရရှိခဲ့သည်ဟု မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။

“အင်အားကတော့ ၁၀ယောက်ကျော်ကျော်လောက်ပဲရှိမယ်။ အရှင်ထွက်ပြေးသွားတဲ့သူတွေလည်း ရှိတယ်။ စခန်းကတော့ မီးရှို့လို့မရဘူး။ အဲရွာက ဘုန်းကြီးကျောင်းမှာတပ်စွဲထားတာ။”ဟု မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း တာဝန်ရှိသူက ပြောသည်။

ညနေ ၆နာရီခွဲခန့်တွင် အဆိုပါစခန်းအနီးရှိ

ဆူးရစ်ကုန်းကျေးရွာနှင့် ကုက္ကိုသီးကျေးရွာတို့အား စစ်တပ်က ဗုံးသီးနှစ်လုံးကြဲပြီး စက်လက်နက်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ပျက်စီးကြောင်း ဒေသခံအချို့က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်း Natogyi People Defence Forceနှင့် အမှတ် (၁၀)တပ်ရင်းတို့က မြင်းခြံခရိုင်အထူးစစ်ဆင်ရေး(MDSO)အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၁၀ရက်က စတင်ခဲ့သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး၏ နွားထိုးကြီးမြို့ပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်း ၄ခုကိုအပြီးသတ် သိမ်းပိုက်ရရှိခဲ့သည်။

အလားတူ နွားထိုးကြီးနှင့် တံတားဦးမြို့နယ်အစပ်ရှိ တံတားဦးလေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကိုလည်း နွားထိုးကြီး PDFက သြဂုတ် ၂၀ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်ရဲ့ တပ်မ(၉၉)စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းရတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

လက်နက် ၁၁လက်၊ သုံ့ပန်း ၉ဦး၊ ယာဉ် ၃စီးနဲ့ ခဲယမ်း၊အသုံးအဆောင် ပစ္စည်းများ သိမ်းရ

သတင်း

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးမှာဒီနေ့ (ဇွန်လ ၂၂ ရက်)မနက်အစောပိုင်းကခရီးသည်တင်အဝေးပြေးကားနှစ်စီးတိုက်မိလို့ အမျိုးသားသုံးဦး သေဆုံးသွားတယ်လို့လူမူကူညီရေးလုပ်ကိုင်သူအချို့ဆီက သိရပါတယ်။

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အိမ်စီးကားတစ်စီး ဘီးပေါက်လမ်းဘေးထိုးကျ တိမ်းမှောက်လို့ ယာဉ်ပေါ်မှာပါတဲ့ အမျိုးသမီး ၂ဦးသေဆုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ စကားအင်းအမြန်လမ်း မီးသတ်စခန်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။