Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ် ချပ်ကြီးရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ၃ဦးသေ၊ ၂၀ခန့် ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာအနီး၌ ဩဂုတ် ၂၇ရက်‌က ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီဘက်မှသုံးဦးသေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရကာ လက်နက်ခဲယမ်းအချိုသိမ်းဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက ထုတ်ပြန်သည်။

စစ်ကောင်စီစစ်ကြောင်းထံမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - အမှတ်(၁)စစ်ဒေသ

မိထက်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာအနီး၌ ဩဂုတ် ၂၇ရက်‌က ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် စစ်ကောင်စီဘက်မှသုံးဦးသေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရကာ လက်နက်ခဲယမ်းအချိုသိမ်းဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက ထုတ်ပြန်သည်။

ချပ်ကြီးကျေးရွာမှလာသော စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ-၃၆၁နှင့် ပျူစောထီး ပူးပေါင်းအင်အား ၂၅၀ခန့်အား ကန့်ဘလူခရိုင် တပ်ရင်း (၁၊ ၂)နှင့် ဒေသခံ ပကဖ ပူးပေါင်းအဖွဲ့တို့က ပြောက်ကျားနည်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးပြီး ၂၀ ခန့် ထိခိုက်ဒဏ်ရာရ၍ လက်နက်ငယ် သုံးလက်နှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိသည်ဟု ထုတ်ပြန်ထားသည်။

” တိုက်ပွဲတွေ ရှိနေတယ်။ စစ်ကောင်စီကလည်း သူတို့စခန်းတွေကို ကြိုကာတဲ့အနေနဲ့ စစ်ကြောင်းတွေထွက်လာတယ်။ လက်ရှိကို စစ်ရေးတင်းမာနေတာပါ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းသည် သေဆုံးရုပ်အလောင်းသုံးလောင်းအား ထားခဲ့ကာ ဒဏ်ရာရသူများအား ဆွဲခေါ်ပြီး ချပ်ကြီးကျေးရွာသို့ပြန်ဝင်သွားကြောင်း သတင်းရရှိသည်။။

ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်က ကန့်ဘလူမြို့နယ်၊ ကျီကုန်းကျေးရွာတံတားဂိတ်စခန်းအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ၁၆ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့သည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း အင်းတော်၊ ထီးချိုင့်၊ပင်လယ်ဘူးမြို့နယ်များကို အမှတ်(၁) စစ်ဒေသအောက်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စံပါယ်နံ့သာစစ်ဆေးရေးဂိတ်မှာ ကုန်ကားတွေဖမ်းဆီးခံရပြီးတဲ့နောက် ကုန်ကားသမားတွေဟာ ကွင်းလမ်းကို အသုံးပြုသွားလာနေရတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ မဲကနယ်-ဖလူး တောလမ်းပိုင်းမှာ မနေ့( ဖေဖော်ဝါရီ ၂၄ ရက်)နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင်အချို့ သေဆုံးမှု ရှိတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ရေဦး၊ ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်စပ်မှာတိုက်ပွဲတွေကြောင့်ကျေးရွာပေါင်း၂၀ ကျော် တိမ်းရှောင်နေရပြီး စစ်ရှောင်ပြည်သူတွေဟာ အကူအညီတွေလိုအပ်နေပါတယ်။

သတင်း

စစ်​တပ်ဗျူဟာမှူး​သေပြီး စစ်သုံ့ပန်းအများအပြားဖမ်းဆီးရရှိဟု PDF အချို့​ပြော