Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့စီးပွားရေးဘဏ် လုံခြုံရေးစစ်သားပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေး စစ်ကောင်စီတပ်သားတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးကြောင်း သတင်းရရှိသည်။

ပစ်ခတ်ခံရသောစစ်သား​၏ လက်နက်နှင့်ကျည်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-မြိုင်ပကဖ

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေး စစ်ကောင်စီတပ်သားတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးကြောင်း သတင်းရရှိသည်။

ယနေ့ (ဩဂုတ် ၃၀ရက်) နံနက် ၁၁နာရီခွဲခန့်ကသေနတ်ဖြင့် ၃ချက် အနီးကပ်ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောသည်။

Public Service Announcement

Public Service Announcement

“လေးယောက်လောက်ရှိတာကို တစ်ယောက်ကကျွံပြီးတော့ ထွက်နေတော့ အလစ်အငိုက်လုပ် လိုက်တာ။ မြို့ပေါ်ဆိုတော့ မြန်မြန်လုပ်ပြီး ပြန် ဆုတ်ခဲ့တယ်။”ဟု မြိုင်ပကဖ တာဝန်ရှိသူက ပြောသည်။

သေဆုံးစစ်သားမှာ စလင်းမြို့နယ်အခြေစိုက် အမှတ်(၂၅၃)ခြေလျင်တပ်ရင်းမှဖြစ်ပြီး ၎င်း၏ MA 3အမျိုးအစား သေနတ်တစ်လက်နှင့် ကျည်များသိမ်းဆည်းခဲ့ကြောင်း မြိုင်ပကဖတာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအတွင်း ဆိုင်ကယ်တစ်စီးဆုံးရှုံးခဲ့သော်လည်း ရဲဘော်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

ပစ်ခတ်မှုအား မြိုင်ပကဖ တပ်ရင်း-၃ တပ်ခွဲ(၄) နှင့် DLPတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ရာ မြန်မာ့စီးပွားဘဏ်သည် ပခုက္ကူမြို့ရဲစခန်းနှင့် မီတာ ၁၀၀ခန့်သာ ဝေးကြောင်း၊ တိုက်ခိုက်ခံရပြီးနောက် ပခုက္ကူမြို့လမ်းများအား စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးပြီး အများပြည်သူများအား ဖမ်းဆီးခြင်းများပြုလုပ်နေကြောင်း သတင်းရရှိသည်။

အလားတူ ယနေ့ နံနက် ၇နာရီခွဲခန့်ကလည်းမြိုင်မြို့တွင်းမှ စျေးဝယ်ပြန်လာသော စစ်ကောင်စီတပ်သားများအား အနီးကပ်ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီးဝင်းလှိုင်ဆိုသူ သေဆုံးပြီး တစ်ဦး ခြေထောက်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင် ပကဖက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က နေရာတွေကို လုံခြုံရေးအရ တားမြစ်လိုက်ပြီး အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဒီကနေ့ ဇွန်လ ၃၀ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။