Connect with us

Hi, what are you looking for?

သတင်း

နောင်ချို တောင်ခမ်းအမြောက်တပ်၌ ဆက်လက်တိုက်ပွဲပြင်းထန်

စစ်ကောင်စီက လေကြောင်းမှ လက်နက်ခဲယမ်း ၈၅ထုပ်ကြဲချဖြည့်တင်းဟု TNLAအသိပေး

၁၀၂၇ အပိုင်း(၂)စစ်ဆင်ရေး ဆင်နွှဲနေသော TNLA ရဲဘော်များ

ဟန်နွေ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ် (၉၀၂)တပ်ရင်းတွင် ယနေ့ ဩဂုတ် ၃၀ရက် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်သည်။

အဆိုပါ (၉၀၂)တပ်စခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၂)ကြိမ် ပစ်ကူပေး တိုက်ခိုက်ခဲ့ပြီး Y12 ဖြင့် လက်နက်ခဲယမ်းများ ၈၅ထုပ်လာရောက်ကြဲချခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

TNLAအနေဖြင့် ဩဂုတ် ၂၈ရက်တွင် တောင်ခမ်းရွာရှိ အမတ(၂၀၆)နှင့် အမတ(၄၀၆တပ်ရင်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ကျန်နေသည့် အမှတ်(၉၀၂) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် အမတ(၃၅၄) တပ်ရင်းတို့ကို ဆက်လက် တိုက်ခိုက်နေခြင်းဖြစ်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ဟုလည်း TNLA ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

TNLAအနေဖြင့် ရှမ်းမြောက်တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် တရုတ်အစိုးရက ဩဂုတ် ၂၉ရက် နေ့စွဲဖြင့် စာပို့ ခြိမ်းခြောက်ခဲ့သော်လည်း ယနေ့ တိုက်ပွဲဆက်ဖြစ်နေခြင်းဖြစ်သည်။

တရုတ်အစိုးရ၏ စာကိုလက်ခံရရှိကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပြီး အဆိုပါစာကို အဖွဲ့တွင်း ဆွေးနွေးနေဆဲဖြစ်ကာ တုန့်ပြန်ခြင်းမရှိသေးဟု အသိပေးသည်။

TNLAသည် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် မြို့ ၇မြို့ ကို သိမ်းပိုက်ထားပြီး ယခုနှစ် ဇွန်လ ၂၅ရက်မှစ တင်သည့် စစ်ဆင်ရေးဒုတိယပိုင်းတွင် နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ် မြို့များကို အပြီးသတ် သိမ်းပိုက်ထားပြီး သီပေါမြို့ကိုလည်း ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။