Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ​ စခန်းနှစ်ခုအား PDF သိမ်းပိုက်၊ လက်နက်ခဲယမ်းများရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းစခန်းအား လက်နက်ခဲယမ်းများဖြင့် သိမ်းပိုက်ရရှိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက ယနေ့ (ဩဂုတ်၃၀ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။

လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းစခန်းအား သိမ်းပိုက်ပြီးနောက်ရရှိခဲ့သော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ဓာတ်ပုံ - အမှတ်(၁)စစ်ဒေသ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းစခန်းအား လက်နက်ခဲယမ်းများဖြင့် သိမ်းပိုက်ရရှိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက ယနေ့ (ဩဂုတ်၃၀ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။

သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက)-၁၃၊ စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ-၂)၊ သိပ္ပံနှင့်နည်းပညာသုတေသနတပ် (သနတ-၁) အစရှိသည့် ထုတ်နုတ်အဖွဲ့ အခြေပြုနေသော လေးမိုင်ရွာနှင့် တာဝါတိုင်ကုန်းစခန်းအား ဩဂုတ်၂၉ ရက်က စတင်တိုက်ခိုက်ကာ ယနေ့ (ဩဂုတ်လ ၃၀ရက်) နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း အမှတ် (၁) စစ်ဒေသက အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စခန်းမှ လက်နက် ၁၃လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု အမှတ်(၁)စစ်ဒေသက ထပ်မံအသိပေးသည်။

အဆိုပါ စစ်ဆင်ရေးအား ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးမှူးကွပ်ကဲမှုဖြင့် ပြင်ဦးလွင်ခရိုင် တပ်ရင်း(၁၊ ၂)၊အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ပကဖ၊ မန္တလေးတိုင်းဒရုန်းတပ်ဖွဲ့၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တော်လှန်ရေးပူးပေါင်းတပ်များအနေဖြင့် သပိတ်ကျင်းမြို့နယ်ရှိ တပ်စခန်းများကို ဇူလိုင်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး သပိတ်ကျင်းမြို့အား သြဂုတ် ၂၅ရက်က သိမ်းပိုက်နိုင်ခဲ့သည်။

ထို့အပြင် ခလရ(၁၄၈)တပ်ရင်း အပါအဝင် သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၁၁ခုထက်မနည်း သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

သင်္ဘောစောင့်စစ်သားတွေ ထွက်ပြေး၊ ၁၀၇ မမ လက်နက်ကြီးကြောင့် သင်္ဘောရေဝင်နေ

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်က စစ်တပ်စခန်းကုန်းတစ်ခုကို ပြန်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

နောက်တန်းပြန်ဝင်ထားတဲ့ စစ်တပ်ရဲ့စစ်ကိုင်းမြို့ အခြေစိုက် တပ်မ(၃၃)ဟာ ကချင်ပြည်နယ်က ဗန်းမော်မြို့ကိုထိုးစစ်ဆင်ဖို့ဆိုပြီး မန္တလေးတိုင်းက သပိတ်ကျင်းမြို့နယ်မှာ စုဖွဲ့မှုတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook