Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့အုပ်ချုပ်ရေးဌာနများ ပါဝင်လည်ပတ်ရန် စာရင်းပေးသည့် CDM ဝန်ထမ်း ၂၇၀ကျော်ရှိ

လားရှိုးမြို့ အုပ်ချုပ်ရေးဌာန ပြန်လည်စတင် လည်ပတ်နေပြီဖြစ်ရာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ပြုလုပ်ထားပြီး စစ်ကောင်စီမှ အလုပ်ထုတ်ခံခဲ့ရသော အရပ်ဘက် ဝန်ထမ်းများအလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်ရန် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း ကိုးကန့် တပ်မတော် (MNDAA)က ထုတ်ပြန်သည်။

လားရှိုးမြို့ ဈေးအတွင်း တွေ့ရသော မြို့ခံများ။ ဓာတ်ပုံ - MNDAA

ဟန်နွေ/People’s Spring

လားရှိုးမြို့ အုပ်ချုပ်ရေးဌာန ပြန်လည်စတင် လည်ပတ်နေပြီဖြစ်ရာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ပြုလုပ်ထားပြီး စစ်ကောင်စီမှ အလုပ်ထုတ်ခံခဲ့ရသော အရပ်ဘက် ဝန်ထမ်းများအလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်ရန် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း ကိုးကန့် တပ်မတော် (MNDAA)က ထုတ်ပြန်သည်။

ထိုသို့ CDM ဝန်ထမ်းများအား လုပ်ငန်းခွင်ပြန်ဝင်ရောက်နိုင်ရေး အသိပေးသည့် ရုပ်သံကို ယနေ့ ဩဂုတ် ၃၀ရက်၌ ထုတ်ပြန်ခဲ့ရာ CDM စာရင်းပေးသွင်းနိုင်ရေးနှင့်ပတ်သက်ပြီး အမေးအဖြေကဏ္ဍကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“လားရှိုးရဲ့ CDM ဝန်ထမ်းတွေကို ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူစွာနဲ့ ကြိုဆိုပြီးတော့မှ စာရင်းတွေ လက်ခံရယူနေပါပြီရှင်”ဟု အမျိုးသမီးတစ်ဦးက CDM ဝန်ထမ်းများ စာရင်းလက်ခံမှု အခြေအနေမေးမြန်းချက် အပေါ် ပြန်လည်ဖြေကြားထားသည်။

ထိုသို့ စာရင်းလက်ခံမှုကို ဩဂုတ် ၁၃ရက်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး လားရှိုးသာမက အခြားမြို့နယ်မှ CDM ဝန်ထမ်းများလည်း လက်ခံနေကြောင်း အသိပေးသည်။

ထိုသို့ စာရင်းပေးမည်ဆိုပါက ဌာန၏ ထုတ်ပယ်ကြောင်း အမိန့်စာမိတ္တူနှင့်တကွ စာရင်းပေးရမည်ဖြစ်ပြီး အဆိုပါ မိတ္တူမပါရှိပါက ဌာနမှအခြား CDM ဝန်ထမ်းတစ်ဦး၏ ထောက်ခံချက်ပါရမည်ဟု ဆိုသည်။

လက်ရှိတွင် စာရင်းပေးသူ ၂၇၀ကျော်ရှိနေပြီဟုလည်း ပြောပြသည်။

“ဒီနေ့အချိန်ထိတော့ စာရင်းပေးတဲ့ ဌာနပေါင်း ၂၀ကျော်ရှိနေပါပြီရှင်”ဟု ဖြေကြားသူ အမျိုးသမီးက ပြောသည်။

လက်ရှိ CDM ဝန်ထမ်းများဖြင့် လည်ပတ်နေသည့် ဌာနမှာ ကျန်းမာရေးဌာန ကုသရေးပိုင်းဖြစ်ပြီး မကြာခင် ပညာရေးဌာစတင်လည်ပတ်မည်ဟု အသိပေးသည်။

ကျန်သည့်ဌာနများသည် မြို့နေပြည်သူများ ပြန်လည်ရောက်ရှိလာသည့်အပေါ် လည်ပတ်သွားမည်ဟု ထုတ်ပြန်အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့‌နယ်အတွင်း စစ်တပ်က ကင်းထောက်လေယာဉ်အနိမ့်ပျံသန်းမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။

Facebook