Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီ လေကြောင်းထပ်မံတိုက်ခိုက်၍ အမျိုးသမီးတစ်ဦး သေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းထပ်မံတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ပျက်စီးကြောင်း ဒေသခံများက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွန်းဒေါင့်ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းထပ်မံတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ပျက်စီးကြောင်း ဒေသခံများက ပြောသည်။

ယနေ့(သြဂုတ် ၃၁ရက်) နံနက်စော ၁နာရီခွဲခန့်က နွားထိုးကြီးမြို့နယ်၊ ထနောင်းပင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးသီးတစ်လုံးချတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ထနောင်းပင်က နွားထိုးကြီးမြို့နဲ့သိပ်မဝေးဘူး။ ၂ မိုင်လောက်ပဲဝေးတာ။ မြို့အခြေနဲ့ကပ်ရပ်လေးပဲ။ နွားထိုးကနေထွက်လာရင် မလှိုင်သွားတဲ့လမ်းအနောက်ဘက်ကပ်ရပ်ပဲ။ တိုက်ပွဲမရှိဘဲပစ်တာ။”ဟု နွားထိုးကြီးဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် နေအိမ် ၂လုံးအထက်ပျက်စီးကြောင်း နွားထိုးကြီးသတင်းစုံတာဝန်ခံက ပြောသည်။

အလားတူ ထနောင်းပင်ကျေးရွာအား မပစ်ခတ်မီ မိနစ်ပိုင်းအလိုက ကျွန်းဒေါင့်ကျေးရွာကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ယမန်နေ့ညနေ ၅ နာရီခန့်ကလည်း နွားထိုးကြီးရဲစခန်းမှ မြို့တောင်ဘက်သို့ လက်နက်ကြီး ၅ လုံးပစ်ခတ်ခဲ့ရာ ထိခိုက်မှုအခြေအနေမသိရသေးကြောင်း ဒေသခံများက ပြောသည်။

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း စစ်ကောင်စီက နွားထိုးကြီးနယ်အတွင်း ကျေးရွာများအား လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သြဂုတ် ၂၉ ရက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် ရန်ကုန်-မ‌န္တလေးအမြန်လမ်းမနှင့် တစ်မိုင်ခန့်အကွာရှိ နွားထိုးကြီးမြို့နယ်၊ ကုက္ကိုသီးကျေးရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို နွားထိုးကြီးPDFနှင့်ပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ဗိုလ်ကြီးဝေဖြိုးသူအပါအဝင် စစ်သုံ့ပန်း ၂ ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

ညနေပိုင်းတွင် ဆူးရစ်ကုန်းကျေးရွာနှင့် ကုက္ကိုသီးကျေးရွာတို့အား လေကြောင်းတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ပျက်စီးကြောင်း ဒေသခံအချို့က ပြောသည်။

သြဂုတ် ၁၀ရက်က စတင်ခဲ့သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး၏ နွားထိုးကြီးမြို့ပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်း လေးခုကိုသိမ်းပိုက်ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဖျက်အားပြင်း ဗုံးတွေအပါအဝင် ဗုံးအလုံး ၆၀ ကျော်ကြဲချ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။