Connect with us

Hi, what are you looking for?

သတင်း

အပ်ငွေအတိုးနှုန်းကို ၁၂ ရာခိုင်နှုန်းအထိပေးမည်ဟု ပုဂ္ဂလိဘဏ်များ​ကြေညာ၍အပ်သူကိုဆွဲ​ဆောင်

ခေတ်ပျက်ချိန်တွင် ဘဏ်တိုးနှုန်းမြင့်တက်ခြင်းက စီးပွားပျက်ကပ်ဖြစ်နိုင်ဟုစီးပွား​ရေးပညာရှင်တဦး​ပြော

ခေတ်ပျက်ချိန်တွင် ဘဏ်တိုးနှုန်းမြင့်တက်ခြင်းက စီးပွားပျက်ကပ်ဖြစ်နိုင်ဟုစီးပွား​ရေးပညာရှင်တဦး​ပြော

စောနွေဦး/People’s Spring

အပ်ငွေအတိုးနှုန်းကို ၈ ရာခိုင်နှုန်းမှ ၁၂ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ကြောင်း ပုဂ္ဂလိကဘဏ်က ယနေ့ (စက်တင်ဘာ ၁)ထုတ်ပြန်သည်။

ငွေကြေးဖောင်းပွမှုကို လျော့ချရန်အတွက်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီက ဘဏ်တိုးနှုန်းများကို ၂ ရာခိုင်နှုန်းအထိတိုးမြှင့်ပေးလိုက်ပြီးနောက် ပြည်တွင်းဘဏ်များက ယခုကဲ့သို့ထုတ်ပြန်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကျပ်ငွေတန်ဖိုးကျဆင်းနေချိန်တွင် စစ်ကောင်စီဗဟိုဘဏ်က ဘဏ်တွင်​ငွေအပ်သူများလာရန်ဗဟိုဘဏ်အတိုးနှုန်း ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်ခဲ့သည်။ထိုကြောင့် အပ်ငွေများကို အနည်း ၇ ရာခိုင်နှုန်း နှင့် ချေးငွေများအတွက် အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်းအထိ သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ဩဂုတ် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုကြေညာအချက်အရ ပြည်တွင်းပုဂ္ဂလိကဘဏ်များသည် အပ်ငွေအတိုးနှုန်းနှင့် ချေးငွေအတိုးနှုန်းကို ပြင်ဆင်သတ်မှတ်ကြောင်းစက်တင်ဘာ ၁ရက်တွင်တပြိုင်တည်းထုတ်ပြန်လာခြင်းဖြစ်သည်။

(ဘဏ်တွင် ​ငွေအပ်သူပြန်များရန် ပြည်တွင်းဘဏ်များ၏ ဘဏ်အတိုးနှုန်း ပြင်ဆင်​ကြောင်း​ကြေညာချက်များ)

ရိုးမဘဏ်၊ ကမ္ဘောဇဘဏ်(KBZ) ၊ မြန်မာ့ရှေ့ဆောင်ဘဏ်( MAB)၊ မြန်မာနိုင်ငံသားများဘဏ်( MCB)တို့က အပ်ငွေများအတွက် အတိုးနှုန်းများကို ၈ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ အပ်ငွေအမျိုးအလိုက်​ပေးမည်ဟုဆိုသည်။

UABဘဏ်က အပ်ငွေအတိုးနှုန်းကို ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၂ ဒသမ ၅ ရာခိုင်နှုန်း ၊ပထမပုဂ္ဂလိကဘဏ်( FPB)က ၈ရာခိုင်နှုန်းမှာ ၁၁ ဒသမ ၅ ရာခိုင်နှုန်းစသည့်တိုဖြင့် အသီးသီးသတ်မှတ်ထားကြသည်။

“စစ်ကောင်စီဗဟိုဘဏ်က အတိုးမက်ပြီး လူတွေ ဘဏ်ကို ငွေတွေလာအပ်ကြမယ်။ ငွေဖောင်းပွမှုကို အတိုင်းအတာတခုလောက်သက်ရောက်မယ်လို့တွေးပါလိမ့်မယ်။ ဒါပေမယ့် လူတွေက ဘဏ်တွေအပေါ် ယုံကြည်မှုနဲ့ ငွေသားထုတ်ရခက်တဲ့ အခက်အခဲတွေက အပ်ငွေတွေတိုးလာစေမယ်လို့ မထင်ပါဘူး”ဟု ငွေကြေးလုပ်ငန်းဆိုင်ရာအကြံပေးတဦးက ပြောသည်။

အပ်ငွေအတိုးနှုန်းမြင့်တက်ခြင်းအပြင် ဘဏ်မှ ချေးငွေအတိုးနှုန်းများလည်း မြင့်တက်လာမည်ဖြစ်၍ ဝယ်လိုများလည်း ဆက်လက်လျော့ကျနိုင်သည်ဟု၎င်းကဆိုသည်။

လက်ရှိတွင် ချေးငွေအတိုးနှုန်းမှာ ၁၀ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းရှိပြီး စစ်ကောင်စီသတ်မှတ်ချက်အရ ချေးငွေအတိုးနှုန်းကို အမြင့်ဆုံး ၁၅ ရာခိုင်

နှုန်းသတ်မှတ်ထားသည်။ ထိုကြောင့် ပုဂ္ဂလိကဘဏ်များက ချေးငွေအတိုးနှုန်းသတ်မှတ်ချက်ကို ၁၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ရှိလာနိုင်သည်ဟု အထက်ပါငွေကြေးလုပ်ငန်းဆိုင်ရာအကြံပေးကဆက်​ပြောသည်။

ဘဏ်တိုးနှုန်းမြင့်တက်ခြင်းသည့် ခေတ်ကောင်းချိန်တွင် ပြည်ပရင်းနှီးမြှပ်နှံသူများကို ဖိတ်ခေါ်နိုင်သော်လည်း ခေတ်ပျက်ချိန်တွင် စီးပွားပျက်ကပ်အထိဖြစ်နိုင်ကြောင်း ရန်ကုန်မြို့အခြေစိုက်စီးပွားရေးပညာရှင်တစ်ဦးကလည်းသူ၏ အမြင်ကိုပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဘဏ်တွေကနေ​ငွေစက္ကူထုတ်ယူမှု​တွေကိုကန့်သတ်ခဲ့ပြီး​နောက် ​ဖေ​ဖော်ဝါရီလကုန်ပိုင်းမှာဘဏ်​တွေက​ငွေထုတ်တဲ့အခါကျပ် တစ်သောင်းတန်ငွေစက္ကူအသစ်တွေ ရလာတယ်လို့ ငွေထုတ်ခဲ့သူတွေ ကပြောပါတယ်။

နိုင်ငံတကာ

လူသား ဝန်ထမ်းတွေရဲ့ နေရာမှာ ဉာဏ်ရည်တု (AI) နည်းပညာ ပိုမို အစားထိုးလာခြင်းနဲ့အတူ လာမယ့် ၃ နှစ်အတွင်း စင်ကာပူရဲ့ အကြီးဆုံးဘဏ်ဟာ ဝန်ထမ်းအင်အား ၄၀၀၀ လောက်ကို လျှော့ချသွားဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို ချေးငွေပေးရန်ဟုဆိုကာ ပြည်တွင်းဘဏ် ၁၅ ခုကို စစ်ကောင်စီက ကျပ်ငွေ ဘီလီယံ ၁၅၀ ထုတ်ပေးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

သတင်း

စင်ကာပူရဲ့ လုပ်ဆောင်ချက်တွေကို နမူနာယူဖို့ လိုကြောင်း၊ မြန်မာပြည်သူတွေကို စစ်တပ်က သတ်ဖြတ်တဲ့ လုပ်ရပ်တွေမှာ ထိုင်းဘဏ်တွေက အားပေးအားမြှောက် သဘောမျိုး ပါဝင်နေတာကို လုံးဝ လက်ခံလို့ မဖြစ်နိုင်ကြောင်း သူက ထောက်ပြသွားပါတယ်။

Facebook