Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော် – ဒီးမော့ဆိုလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ် အထိနာနေဟု KNDFပြော

ပြီးခဲ့သည့် ဩဂုတ်အတွင်း လွိုင်ကော် – ဒီးမော့ဆိုလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ် ထိခိုက်မှုများကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ယနေ့ ထုတ်ပြန်သည်။

သြဂုတ်အတွင်း ကရင်နီပြည်နယ်တိုက်ပွဲများတွင် စစ်ကောင်စီထံမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများကိုတွေ့ရစဥ်။ ဓာတ်ပုံ KNDF

ရဲခေါင်/People’s Spring

ပြီးခဲ့သည့် ဩဂုတ်အတွင်း လွိုင်ကော် – ဒီးမော့ဆိုလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ် ထိခိုက်မှုများကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ယနေ့ ထုတ်ပြန်သည်။

ဩဂုတ်တစ်လတာအတွင်း လွိုင်ကော် – ဒီးမော့ဆို လမ်းမကြီးတစ်လျှောက်တွင် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“လွိုင်ကော်ကနေ ဒီးမော့ဆိုကိုလာတဲ့ စစ်ကောင်စီ စစ်ကြောင်းက ဒီးမော့ဆိုမှာရှိတဲ့ အခြေစိုက်စခန်းတွေကို လူသူလက်နက်ခဲယမ်း အင်အားဖြည့်တင်းဖို့ဖြစ်တယ်။ စစ်ကြောင်းထိုးတဲ့ ကာလတစ်လျှောက်လုံး လူထုနေအိမ်တွေကို မီးရှို့တယ်။ပြည်သူနေတဲ့ရွာတွေကို လက် နက်ကြီးနဲ့ပစ်တယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းတစ်ခုအား သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပြီး ဖရူဆိုမြို့နယ် ၊ ဖားဆောင်းမြို့နယ်နှင့် ကရင်နီ-ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ်တို့တွင် ထိတွေ့တိုက်ပွဲများ ကြိုကြားရှိခဲ့ ကြောင်း ဖော်ပြသည်။

ဩဂုတ် ၁ ရက်မှစ၍ လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ များအား တော်လှန်ရေးတပ်ဖွဲ့များမှ ပိတ်ဆို့တိုက်ခိုက်ခဲ့၍ ပန်ကန်း ၊ ဒေါပိုးစီ ၊ (၆)မိုင်စံပြ ကျေးရွာများတစ်လျှောက် တစ်လတာလုံး ထိတွေ့တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ကြောင်း အသိပေးသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်မှုများပြားခဲ့၍ ၎င်းတို့ထံမှ ခဲယမ်းမီးကျောက်များ ၊ ကျန်းမာရေးပစ္စည်းများ နှင့် အသုံးဆောင်များအား သိမ်းဆည်းရရှိကာ ယနေ့ချိန်ထိ လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတစ်လျှောက်တွင် ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေဆဲဖြစ်သည်။

ဘောလခဲမြို့ နှင့် မယ်စလောင်းတောင်အကြားရှိ စစ်ကောင်စီမှ အခိုင်အမာတပ်စွဲထားသော ရေကျော်စခန်းအား KA ၊ KNDF ၊ KNPLFတို့ပူးပေါင်း၍ သြဂုတ် ၈ရက်က တိုက်ခိုက် သိမ်းပိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့မှာ စခန်းအားစွန့်ခွာ၍ ဘောလခဲမြို့နယ်ဘက်သို့ ထွက်ပြေးသွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ရုပ်အလောင်း (၆) လောင်းနှင့်အတူ လက်နက်ခဲယမ်းအသုံးဆောင်များအား သိမ်းဆည်းရရှိခဲ့သည်။

ထို့အတူ ဘောလခဲနှင့် ရွာသစ်အကြားရှိ ဝမ်မလန်းကျေးရွာအနီးတွင်လည်း စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဖားဆောင်းမြို့တွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏တပ်ရင်း (၂)ရင်းနှင့် ကာကင်းစခန်းများအား ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များမှ စဉ်ဆက်မပျက်တိုက်ခိုက်လျှက်ရှိပြီး ဩဂုတ်လအတွင်း ကြီးမားပြင်းထန်သည့်တိုက်ပွဲများ မရှိခဲ့သော်လည်း ကြိုကြားထိတွေ့မှုများရှိခဲ့သည်။

ဒီးမော့ဆိုမြို့နယ်တွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်များမှာ ဩဂုတ်လနောက်ဆုံးအပတ်မှစ၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လူနေကျေးရွာများဖက်သို့ လက်နက်ကြီးပစ်ခက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဒီးမော့ဆိုမြို့နယ်အတွင်းလက်နက်ကြီးထိမှန်၍ နေအိမ် သုံးလုံးပျက်စီးကာ ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့များမှာ လွိုင်ကော်- ဒီးမော့ဆို လမ်းမကြီးတစ်လျှောက် စစ် ကြောင်းထိုးလှုပ်ရှားရာတွင် ပန်ကန်း ၊ ဒေါပိုးစီ ၊ (၆)မိုင်စံပြ ကျေးရွာများတစ်လျှောက်ရှိ အရပ်သားပြည်သူများ၏ နေအိမ် (၄၀) ဒကျော် အား မီးရှို့ဖျက်ဆီးခဲ့သည်။

မြေပြင်စစ်ရေးအခြေနေများကြောင့် ပြည်သူများအနေဖြင့် လွိုင်ကော် – ဒီးမော့ဆိုလမ်းမကြီးအပါဝင် ၎င်းနှင့် ဆက်စပ်လျှက်ရှိသော လမ်းသွယ် များအား အသုံးပြုသွားလာခြင်းများမပြုလုပ်ကြရန်KNDFက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့အနီးအာဏာသိမ်းစစ်တပ်စစ်ကြောင်းတိုးလာလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကလူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။