Connect with us

Hi, what are you looking for?

သတင်း

TNLAသိမ်းထားသည့် မန်တုံမြို့ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ ဒေသခံတစ်ဦး ဒဏ်ရာရ

တအာင်းတပ်မတော်(TNLA)က ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းကတည်းက သိမ်းပိုက်ထားသည့်မန်တုံမြို့ကို စစ်ကောင်စီက ယမန်နေ့ စက်တင်ဘာ ၃ရက်ညပိုင်း၌ လေကြောင်း တိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်မှုနှင့် အဆောက်အဦးပျက်စီးမှုများရှိခဲ့ကြောင်းတအာင်းအမျိုးသမီးအဖွဲ့(TWO)က သတင်းထုတ်ပြန်သည်။

မန်တုံမြို့အား စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA)က ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းကတည်းက သိမ်းပိုက်ထားသည့်မန်တုံမြို့ကို စစ်ကောင်စီက ယမန်နေ့ စက်တင်ဘာ ၃ရက်ညပိုင်း၌ လေကြောင်း တိုက်ခိုက်ခဲ့ရာ အရပ်သားထိခိုက်မှုနှင့် အဆောက်အဦးပျက်စီးမှုများရှိခဲ့ကြောင်းတအာင်းအမျိုးသမီးအဖွဲ့(TWO)က သတင်းထုတ်ပြန်သည်။

မန်တုံမြို့တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ယမန်နေ့ည ၁၁နာရီခန့်တွင် တိုက်လေယာဉ်ဖြင့် ဗုံး ၂လုံးကြဲချခဲ့ရာ မန်တုံမြို့နယ် အောင်ချမ်းသာရပ်ကွက် နှင့် မြို့မတံတားအနီးရှိ လက်ဖက်အချိုခြောက်စက်ရုံနှင့် ခလရ(၁၃၀)တပ်စခန်းကုန်းအတက်၌ ကျရောက် ပေါက်ကွဲခဲ့ရာ လက်ဖက်စက်ရုံမှ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မန်တုံမြို့အား စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ

“လက်ဖက်စက်ရုံတော့ ထိတယ်၊ အဲ့လက်ဖက် စက်ရုံမှာနေတဲ့ အလုပ်သမား တစ်ဦးလည်း ထိတယ်၊ ဒဏ်ရာတော့မပြင်းထန် ထိရှတာလောက်ပဲရှိတယ်”ဟု မန်တုံဒေသခံ အမျိုးသားတစ်ဦး၏ ပြောကြားချက်ကို TWOက ဖော်ပြသည်။

မန်တုံလေကြောင်းတိုက်ခိုက်မှုတွင် အရပ်သား တစ်ဦး အနည်းငယ်ဒဏ်ရာရခဲ့ဟုရှမ်းမြောက်စစ်ရေးနိုင်ငံရေးလေ့လာစောင့်ကြည့်သူ ကိုဇော်က ပြောပြပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် အဆောက်အဦးများ ၊ ကားအချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု အသိပေးသည်။

“စစ်ရာဇဝတ်မှုကို သိသိကြီးနဲ့ ကျူးလွန်နေတာပါ”ဟုလည်း ကိုဇော်က ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ဖက်စက်ရုံထိခိုက်မှုများပြားခဲ့သည်ဟုလည်း TWO၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

TNLAသည် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် မန်တုံအပါအဝင် မြို့ ၇မြို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ ၂၅ရက်တွင်စစ်ဆင်ရေးဒုတိပိုင်းကို ဖော်ဆောင်ခဲ့ရာ နောင်ချို၊မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါ မြို့များကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

စစ်ရေးအရ အထိနာခဲ့သည့် စစ်ကောင်စီတပ်ကလည်း တိုက်ပွဲများအတွင်း အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ရှိခဲ့၍ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါမြို့နယ်များ၌ အရပ်သား ပြည်သူများစွာ သေဆုံးထိခိုက်ခဲ့သည်။ ထို့ပြင် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နမ့်ဆန်၊ ကွတ်ခိုင် နှင့် မန်တုံမြို့များကို လေကြောင်း တိုက်ခိုက်ခဲ့၍ အရပ်သားထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု တအာင်းတပ်မတော် TNLAက ထုတ်ပြန်ထားသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် ဆက်တိုက်တိုက်ခိုက်နေသည့်အပေါ် တအာင်း အရပ်ဖက်အဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် မန်တုံမြို့အပါအဝင် TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်၊ဒေသ အများစုကို ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။