Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံနှင့် ပူးပေါင်း၍ တရားဥပဒေစိုးမိုးရေးစီမံချက် စတင်မည်ဟု IEC ကြေညာ

ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံ(စစ်ဦးစီးအဖွဲ့)နှင့် ပူးပေါင်း၍ တရားဥပဒေစိုးမိုးရေးစီမံချက်တစ်ရပ်ကို စတင်တော့မည်ဟု ကရင်နီပြည် ကြား ကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ယနေ့ထုတ်ပြန်သည်။

ရဲခေါင်/People’s Spring

ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံ(စစ်ဦးစီးအဖွဲ့)နှင့် ပူးပေါင်း၍ တရားဥပဒေစိုးမိုးရေးစီမံချက်တစ်ရပ်ကို စတင်တော့မည်ဟု ကရင်နီပြည် ကြား ကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ယနေ့ထုတ်ပြန်သည်။

တော်လှန်ရေးကာလအတွင်း ကရင်နီပြည်တွင် လူမှုဘဝလုံခြုံပြီး မျှတစွာ ရှင်သန်ရပ်တည်ခွင့် ရှိစေရန် တရားဥပဒေစိုးမိုးရေးစီမံချက်တစ်ရပ်ချမှတ်ကာ အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပြည်သူလူထုများအနေဖြင့် အထူးစီမံတားမြစ်သည့် လုပ်ငန်းများကို ရှောင်ကြဉ်ရန် နှင့် လူထုများအကြား လူမှုစီးပွားရေး အခက်အခဲများစွာရှိနေပြီး ဘဝရပ်တည်ရှင်သန်ရေးအတွက် ရုန်းကန်နေရသည့် ကာလဖြစ်သော်လည်း ပြည်သူလူထုကို ပိုမိုအကြပ်အတည်း ဖြစ်စေသည့်အပြင် တော်လှန်‌ရေးကို ပိုမိုအားနည်းစေသည့် ကြီးလေးသော ရာဇဝတ်မှုများနှင့် လူသားမဆန်သော ပြစ်မှုကျူးလွန်မှုများထူပြောလာနေသည်ကို တွေ့ရကြောင်း IEC က သတိပေးသည်။

ပကတိအခြေအနေတွင် ဖြစ်ပျက်နေသည့် တရားဥပဒေစိုးမိုးမှု အားနည်းခြင်းများက ပြည်သူများအပေါ် သွယ်ဝိုက်၍ သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း အကျိုးသက်ရောက်မှုများ ရှိနေ”တရားဥပဒေစိုးမိုးရေးစီမံချက်” ကို ချမှတ် ရခြင်းဟု အသိပေးသည်။

စီမံချက်ပါ တားမြစ်ချက်များကို လိုက်နာခြင်းမရှိသည့် လူပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ၊ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များဖြစ်စေ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ပြီး လိုအပ်ပါက ရာဇဝတ်မှုနှိမ်နှင်းခြင်းဆိုင်ရာ အထူးစစ်ဆင်ရေးများကို ဖော်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများ၊တော် လှန်ရေး လူမှုကျင့်ဝတ်နှင့်မညီသော လုပ်ငန်းများ လိင်ဖျော်ဖြေရေးလုပ်ငန်းများလုပ်ဆောင်ခြင်း၊ ခွင့်ပြုချက်မရှိသည့် လက်နက်ခဲယမ်းများ ရောင်းဝယ်ခြင်း၊မူး ယစ်ဆေးဝါးများ သုံးစွဲခြင်း၊ အများပြည်သူနှင့် တော်လှန်ရေးကို ထိခိုက်စေသည့် ဆူညံမှု၊ မီးရောင်ပြမှု၊ မမှန်သတင်းဖြန့်ဝေမှုများနှင့် သတင်းပေးမှုများ၊အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများနှင့် အစွန်းရောက် အကြမ်းဖက်ဖြစ်စေသည့် လုပ်ရပ်များကို အထူးတားမြစ်မည်ဟု ဆိုသည်။

ထို့အတူ တရားမဝင်အာဏာသိမ်းစစ်တပ်အတွက် ထောက်လှန်းရေး လုပ်ဆောင်ခြင်း၊ တပ်ဖွဲ့ဝင်များမဟုတ်ဘဲ တရားမဝင် လက်နက်များ ကိုင်ဆောင်မှု နှင့် လက်နက်ခဲယမ်းများ ရောင်းဝယ်ဖောက်ကားမှု၊မောင်းပြန် (အော်တို)နှင့်ဆီမီး (အော်တို)သေနတ်များ၊စစ်ဦးစီးအဖွဲ့ (ကာကွယ်ရေး)၏ ခွင့်ပြုချက်မရဘဲ ရောင်းဝယ်နေသည့် လက်နက်များ၊မှောင်ခိုနည်းဖြင့် ရောင်း၊ ဝယ်၊ စုဆောင်းထားသည့် ကျည်မျိုးစုံများ နှင့် တပ်ဖွဲ့၏ခွင့်ပြုချက်မရဘဲ လက်နက်များ ကိုင်ဆောင်ခြင်းတို့ကိုလည်း အရေးယူမည်ဖြစ်ကြောင်း အသိပေးသည်။

သို့သော် ရပ်ရွာလူထုအတွင်း ကိုင်ဆောင်ထားသည့် ပစ္စတိုများ၊ တစ်ထောင့်ထိုး လက်နက်များ၊ ရိုးရာတူမီး သေနတ်များ၊ လေသေနတ်များ၊ လက်လုပ် လေ သေနတ်များနှင့် စပ်လျဉ်း၍ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့)၊ သက်ဆိုင်ရာ မြို့နယ် ကြားကာလအုပ်ချုပ် ရေးကောင်စီ/ကော်မတီတို့အကြား ညှိနှိုင်း၍ လက်နက် ခဲယမ်းစာရင်းကောက်ယူခြင်း၊ မှတ်ပုံတင်ခြင်းနှင့် စည်းကမ်းသတ်မှတ်ချက်များ ဖြင့် ကိုင်ဆောင်စေခြင်းတို့ကို ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားမည်ဟု ဖော်ပြသည်။

မြေပြင်နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ ၊မြေ ပြင်လောင်းကစားရုံများ၊အွန်လိုင်းဂိမ်းများ (Online Game) ဖြစ်ကြသည့် Slot Game၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီးဂိမ်း၊ ဖဲဂိမ်း၊ ကျွဲဂိမ်း၊ ကြက်တိုက်ဂိမ်း စသည်တို့အပါအဝင် အခြားသော အွန်လိုင်းဂိမ်းများကို အသုံးပြု၍ စီးပွားဖြစ်လုပ်ဆောင်နေသော လောင်း ကစားလုပ်ငန်းများမှာလည်း တားမြစ်မည့် အချက်တွင်ပါဝင်သည်။

တရားဥပဒေစိုးမိုးရေးစီမံချက်နှင့် ပတ်သက်၍ စက်တင်ဘာ ၄ရက် စက်တင်ဘာ၂၄ရက်အထိ ပြည်သူများအကြား အသိပညာပေးမှုများ ဆောင်ရွက်မည် ဖြစ်ပြီး အသိပညာပေးကာလ ကုန်ဆုံးပြီး စက်တင်ဘာ ၂၅ရက်မှစ၍ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)နှင့် ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့) တို့က စီမံချက်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တရားဥပဒေ စိုးမိုးရေးဆိုင်ရာအလုပ်အဖွဲ့ (Task Force) နှင့် အထူးတပ်ဖွဲ့ (Special Force)တို့ကို ဖွဲ့စည်းကာ ၎င်းတို့ကို ညွှန်ကြားချက်များနှင့် လုပ်ပိုင်ခွင့်များပေး၍ ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်စေမည် ဖြစ်ကြောင်း ကြေညာသည်။

ဆက်စပ်သတင်းများ

သတင်း

ရေဘေးကြောင့် လူဦးရေ သုံးသောင်းခန့် အတွက် အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့(စက်တင်ဘာ ၁၄ရက်) ကြေညာသည်။

သတင်း

မိုးအဆက်မပြတ်ရွာနေ၍ လျှပ်တပြတ်ရေကြီး၊မြေပြိုခြင်းများကြုံတွေ့မှုအတွက် အရေးပေါ်အသိပေးချက်များကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ယနေ့ ထုတ်ပြန်သည်။

သတင်း

ကရင်နီပြည်နယ်အတွင်း ရေကြီးမှုနှင့် မြေပြိုခြင်းတို့ကြောင့် သေဆုံးသူခြောက်ဦးရှိလာကြောင်း ကယန်းအမျိုးသမီအစည်းအရုံး(KyWO)က ယနေ့ အသိပေးထုတ်ပြန်သည်။

Facebook