Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင်လွိုင်​ကော်လာစဥ် KNDF က တိုက်ခိုက်

အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင် ယ​နေ့ (စက်တင်ဘာ၄) ကရင်နီပြည် ၊လွိုင်​ကော်မြို့သို့လာ​ရောက်စဥ် ကရင်နီအမျိုးသားများကာကွယ်​ရေးတပ် (KNDF)က ၁၂၀ မမဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့​ကြောင်း KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီက အတည်ပြု​ပြောကြားသည်။

အာဏာသိမ်း​ခေါင်း​ဆောင်ကို စက်တင်ဘာ ၄ ရက်တွင် လွိုင်​ကော် ဒကစ တွင်​တွေ့ရစဥ်။ ဓါတ်ပုံ- MRTV

“အကြမ်းဖက်စစ်တပ်စီကသိမ်းထားတဲ့ ၁၂၀ နဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ကို ပစ်ခဲ့တာပါ”

−KNDF ဒုတိယစစ်ဦးစီးချုပ်မာဝီ

ဒီပ/People’s Spring

အာဏာသိမ်း​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင် ယ​နေ့ (စက်တင်ဘာ၄) ကရင်နီပြည် ၊လွိုင်​ကော်မြို့သို့လာ​ရောက်စဥ် ကရင်နီအမျိုးသားများကာကွယ်​ရေးတပ် (KNDF)က ၁၂၀ မမဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့​ကြောင်း KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီက အတည်ပြု​ပြောကြားသည်။

အာဏာသိမ်း​ခေါင်း​ဆောင်ကို စက်တင်ဘာ ၄ ရက်တွင် လွိုင်​ကော် ဒကစ တွင်​တွေ့ရစဥ်။ ဓါတ်ပုံ- MRTV

“အကြမ်းဖက်စစ်တပ်စီက သိမ်းထားတဲ့ ၁၂၀ နဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်ကို ပစ်ခဲ့တာပါ” ဟု KNDF ဒုစစ်ဦးစီးချုပ်က လူထု​နွေဦးသို့အတည်ပြု​ပြောကြားသည်။

Public Service Announcement

Public Service Announcement

“သတင်းကြိုရတဲ့အတွက် KNDF ရဲ့ လက်နက်ကြီးတပ်ဖွဲ့ကို ကျနော််တို့ အမိန့်ပေး တိုက်ခိုက်ခိုင်းခဲ့တာပါ” ဟု ၎င်းက ဆက်​ပြောသည်။

အာဏာသိမ်း​ခေါင်း​ဆောင် လွိုင်​ကော််မြို့သို့ ​ရောက်စတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်​ကောင်စီတပ် ထိခိုက်မှုရှိ​သော်လည်း အ​သေးစိတ်​အတည်ပြုရန် ခက်ခဲ​နေ​သေး​ကြောင်း ​သိရသည်။

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်အချို့ တွင် အာဏာသိမ်း​ခေါင်း​ဆောင် လွိုင်​ကော် ဒကစ အဝင် ည​နေ ၃ နာရီ ၃၀ မိနစ်ခန့်တွင်တိုက်ခိုက်ခံရခြင်းဖြစ်​ကြောင်းသိရသည်။

အာဏာသိမ်း​ခေါင်း​ဆောင်သည် လွိုင်​ကော်မြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် -ဒကစ (လွိုင်ကော်) နယ်မြေအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအား စစ်ဆေး ခဲ့သည်ဟု စစ်​ကောင်စီဝါဒဖြန့် သတင်းဌာနဖြစ်​သောMRTV ရုပ်သံက ​ယ​နေ့(စက်တင်ဘာ ၄)ညတွင် ​ကြေညာခဲ့သည်။ထိုအပြင် မင်းအောင်လှိုင် သည် ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်

နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံခဲ့​သည်ဟုဆိုသည်။ မင်း​အောင်လှိုင်သည် ရှမ်းပြည်နယ်​တောင်ကြီး ၊ထိုမှ ​လေ​ကြောင်းဖြင့် ကရင်နီပြည် လွိုင်​ကော် မြို့ ထိုမှ တဆင့် ကားဖြင့် ရှမ်း​ပြည်တာင်ပိုင်း ဆီဆိုင်​ဒေသသို့သွား​ရောက်ခဲ့​ကြောင်းသိရသည်။

ထို​ကြောင့် KNDF တိုက်ခိုက်မှုမှာ အာဏာသိမ်း​ခေါင်း​​ဆောင်ကိုမူ မထိခဲ့​ကြောင်း​တွေ့ရသည်။

အာဏာသိမ်း​ခေါင်း​ဆောင်က လွိုင်​ကော်မြို့သို့လာ​ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ KNDF ဒုစစ်ဦးစီးချုပ် က “များများလာပေးပါ ကျနော်တို့ လက်နဲ့ အဆုံးသတ်ပေးလိုက်ရတယ်ဆိုတဲ့ သမိုင်းရေးချင်လို့ပါ အဲ့ဒါပဲပြောချင်ပါတယ်” ဟုမှတ်ချက်ပြုသည်။

(KNDF တပ်ဖွဲ့ဝင်များ ၊ ၂၀၂၃ နိုဝင်ဘာလတွင်လွိုင်​ကော်မြို့သိမ်းတိုက်ပွဲ၌ ကရင်နီတပ်​ပေါင်းစုက စစ်​ကောင်စီတပ်ထံမှသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် အာဏာသိမ်း​ခေါင်း​ဆောင်ကို စက်တင်ဘာ ၄ ရက်တွင် လွိုင်​ကော် ဒကစ တွင်​တွေ့ရစဥ်။ ဓါတ်ပုံ- KNDF ၊MRTV)

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။