Connect with us

Hi, what are you looking for?

သတင်း

TNLA က တောင်ခမ်းတိုက်ပွဲတွင် စစ်တပ်ထံမှ သိမ်းထားသည့်သံချပ်ကာယာဉ် ၂ စီးကို အသုံးပြုတိုက်ခိုက်

နောင်ချိုမြို့နယ်တောင်ခမ်းရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်များကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်သည့် ရုပ်သံမှတ်တမ်းကို တအာင်းတပ်မတော်(TNLA)က ယနေ့ စက်တင်ဘာ ၄ရက်တွင် ထုတ်ပြန်သည်။

​တောင်ခမ်းတိုက်ပွဲတွင် TNLA က စစ်တပ်ထံမှသိမ်းယူထား​သော သံချပ်ကာ ၂ စီးကို ပြန်အသုံးပြု စဥ်။ ဓါတ်ပုံ-TNLA

ဟန်နွေ/People’s SPring

နောင်ချိုမြို့နယ်တောင်ခမ်းရွာရှိ စစ်ကောင်စီ၏ အမြောက်တပ်များကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်သည့် ရုပ်သံမှတ်တမ်းကို တအာင်းတပ်မတော်(TNLA)က ယနေ့ စက်တင်ဘာ ၄ရက်တွင် ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း တောင်ခမ်းဒေသတပ်စခန်း တိုက်ပွဲမှတ်တမ်းကို ဖော်ပြခဲ့ရာ TNLA အနေဖြင့် စစ်ကောင်စီထံမှ သိမ်းရသည့် သံချပ်ကာယာဉ်များကို အသုံးပြု တိုက်ပွဲဝင်နေသည်ကို ရုပ်သံမှတ်တမ်းတွင်တွေ့ရသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ပထမပတ်အတွင်း စစ်ဦးစီးမှူး ဒုဗိုလ်မှူးကြီးတားမဝေါ နှင့် တပ်မဟာမှူး(၆)ဒုတိယဗိုလ်မှူးကြီး တာမောရှန်တို့ ဦးဆောင်၍ ကျောက်မဲ နှင့် နောင်ချိုမြို့နယ် တောင်ခမ်းရွာအုပ်စု ရှိစစ်​ကောင်စီ၏ အမြောက်တပ် ၂၀၆၊ ၃၅၄၊ ၄၀၆ ၊ ၉၀၂ တွင် ဖြစ်ပွားနေသော တိုက်ပွဲမှတ်တမ်းဖြစ်သည်ဟု TNLAက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ရုပ်သံမှတ်တမ်းတွင် ပစ်ခတ်တိုက်ခိုက်မှု အခြေအနေများကို ဖော်ပြထားပြီး တိုက်ပွဲအတွင်း သေဆုံးနေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် အလောင်းများကိုလည်း တွေ့ရသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ သိမ်းပိုက်ရရှိသည့် လက်နက်ကြီးလက်နက်ငယ်များကိုလည်း မှတ်တမ်း၌​ဖော်ပြထားသည်။

တောင်ခမ်းတိုက်ပွဲသို့ TNLA စစ်ကူများ သွားရောက်နေသည့် မှတ်တမ်းကိုလည်း ဖော်ပြခဲ့ရာ စစ်ကောင်စီထံမှ သိမ်းရသည့် သံချပ်ကာ ယာဉ် ၂ စီးကိုလည်း TNLA၏ စစ်ကူယာဉ်တန်း၌ တွေ့ရသည်။

တရုတ်နိုင်ငံကTNLA ကို ချက်ချင်းအပစ်ရပ်ရန် ခြိမ်းခြောက်စာပေးပို့ခဲ့သော်လည်း TNLA ကစစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်ကိုတွေ့ရသည်။ တရုတ်နိုင်ငံ

ဩဂုတ် ၂၉ရက်တွင် TNLAထံ စာပို့ပြီးတိုက်ပွဲချက်ချင်းရပ်ရပ်နှင့် မရပ်ပါက ကြောက်ရွံ့ကျိုးနွံ၊ ဆုံးမသွန်သင်မှု လုပ်ဆောင်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုအပေါ် TNLA၏ သဘောထား တရားဝင် ထုတ်ဖော်ပြောဆိုမှုမရှိသော်လည်း ဩဂုတ် ၂၉ရက်နောက်ပိုင်း တောင်ခမ်းဒေသ၌ တိုက်ပွဲများ ဆက်ဖြစ်နေသည်။

ထိုအပြင် သြဂုတ် ၃၀ ရက်တွင် တရုတ် အထူးကိုယ်စားလှယ်က TNLA နှင့်​တွေ့ဆုံခဲ့​ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူလွေးယေဦးကလူထု​နွေဦးသို့ ပြောသည်။

“သြဂုတ်လ ၃၀ရက်နေ့က တွေ့ပါတယ်။ တခြားအဖွဲ့ပါ၊မပါဆိုတာ မသိရပါဘူး။ ဘယ်နေရာတွေ့ဆုံတယ်။ ဘာတွေဆွေးနွေးတယ်ဆိုတာလည်း ကျမဆီ အကြောင်းအရာရောက်မလာသေးလို့ မသိရသေးပါဘူး” ဟု ​​လွေးယေဦးက​ပြောသည်။

​TNLA က​တောင်ခမ်းရှိ အမတ ၂၀၆ ၊၄၀၆ တို့ကို သြဂုတ် ၂၈ ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ ထို​နောက် ကျန်​နေ​သော အမှတ် ၉၀၂ အ​မြောက်စခန်းကွပ်ကဲမှု ဌာနချုပ် (မစခ -၉၀၂ ) နှင့် အမတ (၃၅၄ )တို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရန် အပြင်းအထန်တိုက်ခိုက်​နေခြင်းဖြစ်သည်။

စက်တင်ဘာ ၃ ရက်တွင် မစခ( ၉၀၂) နှင့် အမတ (၃၅၄)ကြားတိုက်ပွဲများပြင်းထန်စွာဖြစ်ပွား​​နေပြီး နေရာအများစုကို ဝင်​ရောက်​နေရာယူထားနိုင်ပြီဖြစ်​ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူလွေးယေဦးက People’s Spring သို့​​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။