Connect with us

Hi, what are you looking for?

သတင်း

စစ်​ရှောင်ပြည်သူများ စစ်ကောင်စီလေကြောင်းရန်နှင့် ရေဘေးအန္တရာယ်ကိုပါ သတိပြု​နေရ

လတ်တလော စစ်ရေးနှင့် ရာသီဥတုအခြေအနေများကြောင့် စစ်ကောင်စီလေကြောင်းအန္တရာယ် အပြင် ရေဘေးအန္တရာယ်ပါ သတိပြုနေထိုင်ကြရန် ဒေသခံပြည်သူများအား အရပ်ဖက်အဖွဲ့အစည်းများနှင့်တော်လှန်ရေးအင်အားစုများကတော့ သတိပေးနေကြသည်။

ဘန်​ကောက်စစ်​ရှောင်စခန်း ဗုံးကြဲခံရပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ

ယောနသံ/People’s Spring

လတ်တလော စစ်ရေးနှင့် ရာသီဥတုအခြေအနေများကြောင့် စစ်ကောင်စီလေကြောင်းအန္တရာယ် အပြင် ရေဘေးအန္တရာယ်ပါ သတိပြုနေထိုင်ကြရန် ဒေသခံပြည်သူများအား အရပ်ဖက်အဖွဲ့အစည်းများနှင့်တော်လှန်ရေးအင်အားစုများကတော့ သတိပေးနေကြသည်။

ယခုရက်ပိုင်း၌ တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်နေပြီး တရုတ်နိုင်ငံသို့ဝင်ရောက်နေသည့် တိုင်ဖွန်းမုန်တိုင်း ယာဂီ(YAGI)အရှိန်ကြောင့် မြန်မာနိုင်ငံတွင်လည်း မိုးကြီးပြီး ရေဘေးအန္တရာယ်သတိပြုရန် လိုအပ်နေချိန်၌ စစ်ကောင်စီက ၎င်းတို့လက်လွတ်ဆုံးရှုံးထားသည့်မြို့နယ်များကို လေကြောင်းမှတိုက်ခိုက်နေ၍ သတိပေးနေကြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကျမတို့ရှမ်းဆိုရင် မိုးလည်းကောင်းနေလို့ ရေဘေးကိုသတိပြုနေရချိန်မှာစစ်တပ်က လေကြောင်းကနေပါ ဗုံးကြဲလာတယ်။ ဒါကြောင့် တတ်နိုင်သမျှအချင်းချင်းသတိပေးနေကြရတယ် “ဟု ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မြို့မြို့မှ အရပ်ဘက်အ‌ရေးဆောင်ရွက်သူအမျိုးသမီးတစ်ဦးကပြောသည်။

ယာဂီ မုန်တိုင်းအရှိန်နှင့် ဘင်္ဂလားပင်လယ်အော်မှလေဖိအားနည်းရပ်ဝန်းကြောင့် စက်တင်လာလ ၈ရက် မှ ၁၁ရက်အတွင်း ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် မိုးကြီးနိုင်ကြောင်းသတိပေးချက်များရှိနေသည်။

ထိုကဲ့သို့ ရေဘေးသတိပေးချက်များရှိနေချိန်၌ စစ်ကောင်စီသည် ယမန်နေ့(စက်တင်ဘာလ ၅ရက်)ညနှင့် ယနေ့(စက်တင်လာလ ၆ရက်) တွင် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းမှ မြို့နယ်ငါးခုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ကိုယ်ဝန်ဆောင်မိခင် နှင့် ကလေးငယ်များအပါအဝင် ၂၄ဦးသေဆုံးခဲ့ရပြီး ဒဏ်ရာရသူများလည်း များပြားခဲ့သည်။

စက်တင်ဘာ ၅ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း နှင့် ကရင်နီပြည်နယ်အစပ်ရှိ ဖယ်ခုံမြို့နယ်တွင်ရှိသော ဘန်​ကောက်စစ်ရှောင်စခန်းအား ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်။ ထိုဖြစ်စဉ်၌ က​လေးငယ် ၆ ဦး အပါအဝင် ပြည်သူ ရှစ်ဦး သေဆုံးခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နန့်ခမ်းမြို့ကို ယနေ့ နံနက်ပိုင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအပါအဝင် မြို့ခံ ၁၁ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့ကြောင်းတအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

ထို့အပြင် နောင်ချိုမြို့နယ် ရွှေမုဌောရွာကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်တဦးသေဆုံးပြီးတစ်ဦးဒဏ်ရာရှိခဲ့သည်။အလားတူစက်တင်ဘာ ၆ရက် နံနက် ၂နာရီ ၄၀မိနစ်တွင်ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၄)အတွင်းရှိ ကျေးရွာတစ်ရွာကို လည်း လေကြာင်း တိုက်ခိုက်ခဲ့သည်။

စက်တင်ဘာ ၆ ရက် နေ့လယ် ၁၂နာရီ ၄၈မိနစ်ခန့်ကလည်းမကွေးတိုင်း မြိုင်မြို့နယ်၊ လက်ယက်မကျေးရွာရှိ စာသင်ကျောင်းကို လေကြောင်းမှတိုက်ခိုက်ခဲ့ရာစစ်ရှောင်ပြည်သူများအပါအဝင် ပြည်သူ ၅ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

“သဘာဝဘေးရော စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ခိုက်သတ်ဖြတ်မှုကိုပါ တော်တော်လေး သတိပြုရမယ့်အချိန်ဖြစ်နေတယ်။ မိုးကတမျိုး၊ လေကြောင်းကတမျိုးနဲ့ တော်တော်လေးကိုသတိထားနေကြရတယ်။ပြည်သူတွေကိုလည်း

သတိလေးနဲ့နေကြဖို့ ပြောပေးရတယ်” ဟု စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

တိုင်ဖွန်းမုန်တိုင်း ယာဂီသည် တရုတ်နိုင်ငံသို့ ဦးတည်တိုက်ခတ်နေပြီး ဗီယက်နမ်ကမ်းခြေကို စက်တင်ဘာ ၇ ရက် ညပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်မည်ဟုမုန်တိုင်း​စောင့်ကြည့်​ရေးဌာနများကခန့်မှန်းကြသည်။ ထိုမှတဆင့် ထိုင်း၊ မြန်မာ၊လာအိုနိုင်ငံတို့ ထိစပ်နေသော ရွှေတြိဂံဒေသကို ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်ရွေ့လျားနိုင်ပြီး မြန်မာဘက်၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသခန့်မှန်းချက်များ ထုတ်ပြန်ပေးနေသည့် ECMWF က ခန့်မှန်းထားသည်။

လတ်တလောရာသီဥတုအခြေအနေအရ ရေဘေးနဲ့မြေပြိုမှု ဘေးများသတိပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန (MOHADM) ကသတိပေးချက်ထုတ်ပြန်ထားသည်။

မိုးကြီးပြီးရေပေးကြုံတွေ့နိုင်ကြောင်းသတိပေးထားသည့် ဒေသများအနက်ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ကယားပြည်နယ်(ကရင်နီပြည်)၊ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် တိုက်ပွဲများရှိနေပြီး ကာလရှည် စစ်ဘေးတိမ်းရှောင်နေရသူ သိန်းချီရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကြောင်းတစ်ခုလုံးတိုက်ခိုက်ခံရပြီး သေဆုံးခဲ့သော စစ်သားအလောင်း ၄၀နီးပါးအား စစ်ကောင်စီတပ်က လာမသယ်၍ မြေမြုပ်သင်္ဂြိုလ်ပေးခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။

သတင်း

တနင်္သာရီနဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဒီကနေ့ (အောက်တိုဘာ ၂)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့သည် ရန်ကုန်မြို့အတွင်း သန်းခေါင်စာရင်း‌ ကောက်ယူရာတွင် ခြိမ်းခြောက်ကောက်ယူမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူများက ပြောသည်။

သတင်း

စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ သည် ဘုတလင်မြို့နယ်၊မောင်းထောင်းကျေးရွာရှိ စာသင်ကျောင်းကို ​အောက်တိုဘာ ၂ ရက်ညနေပိုင်းတွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

Trending

Facebook