Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့အနီး စွယ်တော်ကုန်းနှင့် အာရှလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်

စစ်ကောင်စီတပ် ထိခိုက်မှုရှိပြီး တော်လှန်ရေးတပ်များ လက်နက်များသိမ်းရဟု ကရင်စစ်ရေးသတင်းရင်းမြစ်ပြော

ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

ကိုပုဂံ/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီ၏ စွယ်တော် ကုန်းဗျူဟာ(အမြောက်တပ်ကုန်း)နှင့် ဒေါနတောင်ပေါ် ရင်ကွဲတောင်အနီး အာရှလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေသည်။

ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များ ဝန်းရံပိတ်ဆို့တိုက်ခိုက်နေသော စွယ်တော်ကုန်းဗျူဟာစခန်းတိုက်ပွဲမှာ ညစဉ်တိုက်ပွဲပြင်းထန်နေသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၅ရက်ညက တိုက်ပွဲပြင်းထန်ခဲ့ပြီး ယမန်နေ့ညကလည်း တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့သည်။

စစ်ကောင်စီ၏အောင်ဇေယျစစ်ကြောင်း တိုက်ခိုက်နေသော ကော်ဘရာစစ်ကြောင်းအား လက်နက်ကြီးပစ်ကူများဖြင့် အသုံးပြုပစ်ခတ် ပေးနေသော စွယ်တော်ကုန်းအမြောက်တပ်အား ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဝန်းရံပိတ်ဆို့ထားခြင်းဖြစ်ပြီး ဩဂုတ် ၂၉ရက်က စတင်တိုက်ပွဲပြင်းထန်ခဲ့သည်။

ထို့အပြင် ဒေါနတောင်ပေါ် ရင်ကွဲတောင်အနီး အာရှလမ်းပိုင်းတွင်လည်း အောင်ဇေယျစစ်ကြောင်းနှင့် ကော်ဘရာစစ်ကြောင်း ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်နေကြောင်းလည်း People’s Spring၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အာရှလမ်းပိုင်း၌ စက်တင်ဘာ ၆ရက်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်မှုများခဲ့ပြီး တော်လှန်ရေးတပ်များက လက်နက်များ သိမ်းဆည်းရခဲ့သည်ဟု ဆိုသည်။

“ မနေ့က အတော်ထိတယ်။ သေနတ်တွေ မနည်းဘူးကျန်တယ်။ သေနတ်တွေကျန်တယ်ဆိုကတည်းက သေတာမနည်းဘူး” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ညက လက်နက်ကြီးပစ်သံများမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကပင် ကြားနေရသည်။ ညဦးပိုင်းကတည်းက စတင်ပစ်ခတ်ရာ ည ၂နာရီကျော် အထိ ဆက်တိုက်ပစ်ခတ်နေခြင်း ဖြစ်သည်။

“ မစ်ဇိုင်းတွေနဲ့ ကော့ကရိတ်ကနေ ပစ်ကူပေးနေတာ စကစက” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ဒေါနတောင်ပေါ်ရှိ စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်းမှာ အင်အားအချို့ နုတ်ထုတ်သွားသော်လည်း အင်အား ၂၀၀ကျော် ကျန်ရှိနေသေးသည်ဟု ဆိုသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ သင်္ဃန်းညီနောင်နှင့် လေးကေ့ကော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများအား တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားရာ အဆိုပါနေရာအနီးတွင် စွယ်တော်ကုန်းတပ်ရင်းတစ်ခုသာ ကျန်ရှိနေသည်။

အဆိုပါစွယ်တော်ကုန်းတပ်စခန်းအား ကော်ဘရာပူးပေါင်းတပ်များက ယခင်ကလည်း မကြာခဏတိုက်ခိုက်နေရာ ယခုအကြိမ်တွင် ဝန်းရံပိတ်ဆို့ထားနိုင်သည့် အခြေအနေဖြစ်သည်။ ထို့အပြင် စွယ်တော်ကုန်းအောက်ရှိ ရေကန်ကုန်း ကာကင်းစခန်းကို ကော်ဘရာပူးပေါင်းတပ်က ယခုနှစ် မတ်လ ၃၁ရက်တွင် သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မိုးကုတ်မြို့၊ချောင်းကြီး နဲ့ ရှမ်းကုန်းစံရွာဘက်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီကမြို့ထဲက‌နေ လက်နက်ကြီးတွေ ပစ်နေပါတယ်။

သတင်း

စစ်တပ်အရာရှိအပါအဝင် သေဆုံးမှုရှိဟုဆို

သတင်း

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ဖလူးကြီးကျေးရွာအနီးကို စစ်ကောင်စီက ဒီနေ့ ဇန်နဝါရီ ၂၈ရက် မနက်ပိုင်းမှာ လေကြောင်းကနေ လေးကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook