Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့နယ် ဆူးရစ်ကုန်း​ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြန်၊ နေအိမ် သုံးလုံးပျက်စီး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်း​ကျေးရွာကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် သုံးလုံး ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဆူးရစ်ကုန်းရွာမှ ပျက်စီးသွားသော နေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ-နွားထိုးကြီးဂျာနယ်

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်း​ကျေးရွာကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် သုံးလုံး ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့(စက်တင်ဘာ ၈ရက်) နံနက်စော ၁နာရီကျော်က နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ပေါင် ၅၀၀ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ နေအိမ်သုံးလုံးပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဆူးရစ်ကုန်းရွာမှ ပျက်စီးသွားသော နေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ-နွားထိုးကြီးဂျာနယ်

“ဆူးရစ်ကုန်းက ဒါရောဆို ငါးကြိမ်ရှိပြီ။ လူတွေကတော့ ရွာပြင်ထွက် နေကြတာဆိုတော့ပြည်သူတွေတော့ တစ်ယောက်မှမထိဘူး။ အိမ်တွေကတော့ ပျက်စီးသွားတာပေါ့။ ရွာပြင်ကျတယ် ရယ်။ အိမ်တွေရယ်။”ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆူးရစ်ကုန်းကျေးရွာကို စက်တင်ဘာ ၅ရက်ကလည်း လေကြောင်းတိုက်ခိုက်ခဲ့ရာ နေအိမ်သုံးလုံးပျက်စီးခဲ့သည်။

အလားတူ အဆိုပါနေ့တွင်လည်း မြင်းခြံမြို့နယ်၊ ပျားကျေးရွာအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် သြဂုတ် ၁၀ရက်က နွားထိုးကြီးမြို့ရှိ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီးနောက် နွားထိုးကြီးမြို့နယ်အား သြဂုတ်လလယ်မှ စက်တင်ဘာ ပထမပတ်အတွင်း လေကြောင်းမှ ၁၂ ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၄ဦးထက်မနည်းသေဆုံးပြီး သံဃာတော်များအပါအဝင် ၃၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဘုန်းကြိီးကျောင်း၊ စာသင်ကျောင်း၊ ဘုရားစေတီပုထိုးများနှင့် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့သည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဆူးရစ်ကုန်းရွာမှ ပျက်စီးသွားသော နေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ-နွားထိုးကြီးဂျာနယ်

သြဂုတ် ၁၀ရက်က စတင်ခဲ့သည့် မြင်းခြံခရိုင် အထူးစစ်ဆင်ရေး၏ နွားထိုးကြီးမြို့ပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်စခန်း၄ခုကို တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့သည်။

သြဂုတ် ၂၉ ရက်ကလည်း ရန်ကုန်-မ‌န္တလေးအမြန်လမ်းမနှင့် တစ်မိုင်ခန့်အကွာရှိ နွားထိုးကြီးမြို့နယ်၊ ကုက္ကိုသီးကျေးရွာဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို နွားထိုးကြီးPDFနှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ဗိုလ်ကြီးဝေဖြိုးသူအပါအဝင် စစ်သုံ့ပန်း ၂ ဦးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။