Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ဝဲရောဂါအဖြစ်များနေ

လောင်းလုံးမြို့နယ်အတွင်းရှိ စကျေးရွာအချို့တွင် ဝဲရောဂါ ဖြစ်ပွားလျှက်ရှိပြီး ဆေးဝါးနှင့်ကုသမှုလိုအပ်လျှက်ရှိကြောင်း လောင်းလုံးမြို့နယ်(ပကဖ)မှ တာ ဝန်ရှိသာတစ်ဦးက ပြောသည်။

ဝဲ​ရောဂါ ဖြစ်ပွား​နေ​​သော စစ်​ဘေး​ရှောင်ပြည်သူအချို့ ။ဓါတ်ပုံ-​လောင်းလုံ(ပကဖ)

ကျော်ဇော/People’s Spring

လောင်းလုံးမြို့နယ်အတွင်းရှိ စကျေးရွာအချို့တွင် ဝဲရောဂါ ဖြစ်ပွားလျှက်ရှိပြီး ဆေးဝါးနှင့်ကုသမှုလိုအပ်လျှက်ရှိကြောင်း လောင်းလုံးမြို့နယ်(ပကဖ)မှ တာ ဝန်ရှိသာတစ်ဦးက ပြောသည်။

ဝဲ​ရောဂါအဖြစ်များနေသည့် ကျေးရွာများမှာ ညောပြင်၊ အောက်ကျောက်၀ပ်၊ ကြက်လွှတ်၊ ဇလွတ်စသည့်ကျေးရွာများဖြစ်ပြီး တစ်ရွာလျှင် လူဦးရေ ရာဂဏန်းအထိ ဖြစ်ပွားလျှက်ရှိသည်ဟု စုံစမ်းသိရသည်။

ဝဲ​ရောဂါ ဖြစ်ပွား​နေ​​သော စစ်​ဘေး​ရှောင်ပြည်သူအချို့ ။ဓါတ်ပုံ-​လောင်းလုံ(ပကဖ)

“(ကျန်းမာရေး)စောင့်ရှောက်မှု မပေးနိုင်သေးဘူးဗျ။ လူကြီးလူငယ် အကုန်ဖြစ်နေတာ။ ရွာတစ်ရွာမှာတောင် ရာဂဏန်းနဲ့ရှိတယ်။ အဲတော့အခက်ခဲဖြစ်နေတာရှိတာပေါ့”ဟု လောင်းလုံး(ပကဖ)မှ တာဝန်ရှိသူက ပြော သည်။

Public Service Announcement

Public Service Announcement

ယားနာရောဂါဖြစ်ပွားလျှက်ရှိသည့် ကျေးရွာများသည် ပင်လယ်ကမ်းအနီးတည်ရှိကြပြီး လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း ပါဝင်နေသည့်ကျေးရွာများ ဖြစ်သည်။

“အခုဖြစ်နေတာက မျောက်ကြောက်ရောဂါနဲ့ ဆင်မတူပါဘူးနော်။ ကျမတို့ကွင်းဆင်းရရှိတဲ့ အခြေအနေတွေကို (NUG အစိုးရ)ကျန်းမာရေးဝန်ကြီးဌာနကိုတင်ပြပါတယ်။ အထက်အဆင့်ဆင့်က ဆရာဝန်ကြီးတွေ၊ ပါမောက္ခတွေပြောတာက ဝဲရောဂါလို့ပဲ ပြောပါတယ်။ အဓိကတော့ အဲဒီဝဲကိုကုပ်ခြစ်ရာကတဆင့် ဗစ်တီးရီးယားပိုးဝင်ပြီး ပြန့်နှံ့ကူးစက်လာတာပါ”ဟု လောင်းလုံး(ပကဖ)ကျန်းမာရေးဆိုင်ရာဆေးဘက်တာဝန်ခံနှင့် CDM ကျန်းမာ ရေးဝန်ထမ်းတစ်ဦးက People’s Spring သို့ ပြောသည်။

ဝဲ​ရောဂါ ဖြစ်ပွား​နေ​​သော စစ်​ဘေး​ရှောင်ပြည်သူအချို့ ။ဓါတ်ပုံ-​လောင်းလုံ(ပကဖ)

“အရေအတွက် အရမ်းများတော့ အကုန်လုံးကိုအဆင်ပြေအောင် ကုသမပေးနိုင်သေးဘူး”ဟု လောင်းလုံး(ပကဖ)မှာ တာဝန်ရှိသူက ရှင်းပြသည်။

လက်ရှိတွင် ယားနာရောဂါခံစားနေရသူများမှာ သက်သာကောင်းမွန်လာပြီဖြစ်ပြီး ယခုကဲ့ သို့ ရာနာရောဂါခံစားကြရသည်မှာ စစ်ဘေးရှောင်ရာတွင် လူအစုလိုက်အပြုံလိုက်နေထိုင်ရခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်း စသည့်အချက်များကြောင့်ဖြစ်ကြောင်း လောင်းလုံး(ပကဖ)ကျန်းမာရေးဆိုင်ရာဆေးဘက်တာဝန်ခံနှင့် CDM ကျန်းမာ ရေးဝန်ထမ်းကပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်မှာ နေအိမ်မီးမရှို့ဖို့တားတဲ့ အသက်(၉၀)ကျော်အရွယ်အဘိုးအို ၁ ဦးအပါအ၀င် အရပ်သား ၅ ဦးထက်မနည်းကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

အတွေးအမြင်

ဗုဒ္ဓဘာသာမှာ ကပ်ကြီး သုံးပါးဆိုတာ ရှိပါတယ်။ ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်တဲ့။ အဓိပ္ပါယ်ကတော့ အများသိပြီးသား ငတ်မွတ်ခေါင်းပါးခြင်းဆိုတဲ့ ဒုဗ္ဘိက္ခန္တရကပ်၊ စစ်မက်ဘေး၊ အချင်းချင်း သတ်ဖြတ်ခြင်းဆိုတဲ့ သတ္ထန္တရကပ်၊ ကူးစက်ရောဂါဘေးဆိုတဲ့ ရောဂန္တရကပ်တွေပါ။