Connect with us

Hi, what are you looking for?

သတင်း

မြန်မာ ကလေးတွေကို ပညာသင်ပေးနေတဲ့ ကျောင်းတွေ ပိတ်ခံရမှု၊ လူ့အခွင့်အရေး ရှုထောင့်က စဉ်းစားဖို့ ထိုင်းအမတ် တိုက်တွန်း

မြန်မာ ရွှေ့ပြောင်းမိသားစုတွေရဲ့ ကလေးငယ်တွေအတွက် ဖွင့်လှစ်ပေးထားတဲ့ ကျောင်းတွေ ပိတ်ပစ်ရတာနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ရှုထောင့်ကနေပါ ထည့်စဉ်းစားပေးကြဖို့ ထိုင်းလူ့အဖွဲ့အစည်းကို လွှတ်တော်အမတ် တစ်ဦးက အလေးအနက် တောင်းဆိုလိုက်ပါတယ်။

မြန်မာ ကလေးငယ်တွေအတွက် ဖွင့်လှစ်ပေးထားတဲ့ သင်ကြားရေး စင်တာတွေ၊ ကျောင်းတွေကို ပိတ်ပစ်စေခြင်းဟာ ကလေးငယ်ပေါင်း ၂၀၀၀၀ ကျော်လောက်ရဲ့ ပညာသင်ကြားခွင့် ဆုံးရှုံးသွားစေမယ့် သက်ရောက်မှုတွေ ဖြစ်ပေါ်လာစေနိုင်တယ်လို့ Fair ပါတီရဲ့ အမတ် တစ်ဦးဖြစ်တဲ့ ကန်နာဗီ ဆူယက်ဘ်ဆန်က ပြောပါတယ်။

မကြာသေးခင်က ဆူရတ်ဌာနီခရိုင်၊ ဘန်ကွန်ကျေးရွာမှာ မြန်မာ ရွှေ့ပြောင်း ကလေးငယ် ၁၀၀၀ လောက်ကို စာသင်ပေးနေတဲ့ ကျောင်းတစ်ခု ပိတ်ခံခဲ့ရတာကို အကြောင်းပြုပြီး သူက အခုလို သတိပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီကျောင်းဟာ ထိုင်းအမျိုးသား ပညာရေး အက်ဥပဒေနဲ့ အညီ မှတ်ပုံတင်ထားခြင်း မရှိတာကြောင့် ဥပဒေကြောင်းအရ ပိတ်ပစ်သင့်တာ မှန်ပေမယ့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ ရွှေ့ပြောင်း ကလေးငယ်တွေရဲ့ ပညာသင်ယူခွင့်ဆိုင်ရာ လူ့အခွင့်အရေးတွေအပေါ် သက်ရောက်မှု ရှိလာတာကိုလည်း သူက ထောက်ပြခဲ့ပါတယ်။

အပိတ်ခံရတဲ့ ကျောင်းလိုမျိုး သင်ကြားရေး စင်တာပေါင်း ၆၃ ခုလောက် ထိုင်းနိုင်ငံထဲမှာ ရှိနေပြီး စုစုပေါင်း ကလေး ၂၀၀၀၀ လောက် ပညာသင်ယူနေကြောင်း ကန်နာဗီက ဆိုပါတယ်။ အများစုကတော့ နည်းမှန်လမ်းမှန် ပညာရေး လမ်းကြောင်းတွေကို လက်လှမ်းမမီနိုင်တဲ့ ရွှေ့ပြောင်းလုပ်သား မိသားစုဝင် ကလေးငယ်တွေ၊ စစ်ရှောင် မိသားစုဝင် ကလေးငယ်တွေ ဖြစ်ပါတယ်။

သူက ဥပဒေ ရှုထောင့်ကနေ အကြောင်းပြပြီး အဲဒီလို တရားမဝင် ကျောင်းတွေကို ပိတ်ပစ်မယ် ဆိုရင်လည်း ထိုင်းရဲ့ အမျိုးသား ပညာရေး စနစ်အောက်မှာ အဲဒီ ကလေးတွေကို အဆင့်မီ ပညာရေး အခွင့်အလမ်းတွေ လက်လှမ်းမီနိုင်မယ့် သီးခြားစင်တာတွေ စီစဉ်ပေးသင့်ကြောင်းလည်း တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ငယ်ရွယ်စဉ်မှာ သင့်တော်တဲ့ ပညာရေး အခြေခံတွေ လက်လှမ်းမမီခဲ့ဘူးဆိုရင် အဲဒီ ကလေးတွေဟာ အနာဂတ်မှာ လူမှုစီးပွားရေး ပြဿနာတွေနဲ့ ကြုံတွေ့ပြီး ထိုင်းလူ့အဖွဲ့အစည်း အတွက်လည်း ဝန်ထုပ်ဝန်ပိုး ဖြစ်သွားစေလိမ့်မယ်လို့ ထောက်ပြခဲ့ပါတယ်။ နောက်ပြီး သူဟာ ကလေးတွေရဲ့ ပညာသင်ယူခွင့်ဆိုင်ရာ အခြေခံ ရပိုင်ခွင့်တွေကို အကြောင်းပြုပြီး လက်ရှိ ကိစ္စကို လွှတ်တော်မှာ တင်ပြ ဆွေးနွေးသွားမယ်လို့လည်း ပြောပါတယ်။

အပိတ်ခံရတဲ့ မေတ္တာရိပ် ကျောင်းမှာ ကျောင်းသားတွေ စုပြီး မြန်မာနဲ့ ထိုင်းနိုင်ငံတော် သီချင်းတွေ ဆိုနေကြတဲ့ ဗီဒီယို ထွက်ပေါ်လာတဲ့နောက်ပိုင်း အာရုံစိုက်စရာတွေဖြစ်ပြီး စက်တင်ဘာ ၄ ရက်နေ့မှာ ပိတ်သိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီကျောင်းဟာ အရင်က ဘန်ကွန် နည်းပညာ ကောလိပ် အသုံးပြုခဲ့တဲ့ အဆောက်အအုံမှာ တရားမဝင် ဖွင့်လှစ်ထားတာဖြစ်ကြောင်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။ ဖြစ်စဉ်နောက်ပိုင်းမှာတော့ ဒေသတွင်းမှာရှိတဲ့ နောက်ထပ် သင်ကြားရေးစင်တာ ၅ ခုကိုလည်း အာဏာပိုင်တွေက ပိတ်သိမ်းခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Thai Enquirer⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် စာရွက်စာတမ်း (work permit)တွေ မှန်မှန်ကန်ကန် ကိုင်ဆောင်ထားရင်တောင်မှ ဥပဒေအရ နိုင်ငံခြားသားတွေ ပါဝင် လုပ်ကိုင်ခွင့် မရတဲ့ အလုပ်အမျိုးအစားတွေ ရှိပါတယ်။

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

နိုင်ငံတကာ

သုံးနှစ်ကျော်ကြာ ကိုမာဝင်ပြီး သတိလစ် မေ့မြောနေခဲ့တဲ့ ထိုင်းတော်ဝင် မင်းသမီးဟာ အသက် ၄၇ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။