Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ ၆ နယ်မြေထဲက ကျုံခဝန်ရွာ ဗုံးကြဲခံရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ၊ ကျုံခဝန်ရွာကို စက်တင်ဘာ ၉ ရက် က လူအများအိပ်မောကျနေချိန်မှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး ၁ဦီးအပါအဝင် အရပ်သား ၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က စစ်ရေးလေ့ကျင့်မှုကိုတွေ့ရပုံ( ပုံဟောင်း)။ ဓာတ်ပုံ - စစ်ကောင်စီ

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ၊ ကျုံခဝန်ရွာကို စက်တင်ဘာ ၉ ရက် က လူအများအိပ်မောကျနေချိန်မှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး ၁ဦီးအပါအဝင် အရပ်သား ၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်ထံကသိရပါတယ်။

မနေ့ စက်တင်ဘာလ ၉ ရက် မနက် ၂ နာရီခန့်က ကျုံခဝန်ရွာ မှာ တိုက်ပွဲမဖြစ်ဘဲ ရွာထဲကိုစစ်ကောင်စီလေတပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ကလေး ၁ ဦီးနဲ့ အမျိုးသား ၁ဦီး စုစုပေါင်း ၂ ဦီး ဒဏ်ရာရခဲ့တာပါ။

လူကြီးပိုင်းအမျိုးသားကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ကရင်သတင်းရင်းမြစ်က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ပေါင် ၅၀၀ ဗုံးသုံးလုံး ကြဲသွားပါတယ် ၊ရွာထဲကို” လို့ နယ်မြေခံသတင်းရင်းမြစ်က လူမှုကွန်ရက်ကတဆင့် အသိပေးပါတယ်။

အခုလို ဗုံးကြဲခံရတဲ့ ကြားအင်းဆိပ်ကြီးမြို့နယ် ၊ ကျုံခဝန်ရွာဟာ KNU တပ်မဟာ ( ၆ )နယ်မြေလည်းဖြစ်တယ်လို့သိရပါတယ်။

ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ဘုရားသုံးဆူ – သံဖြူဇရပ်လမ်းပိုင်းကို စိုးမိုးထားတဲ့ အနန်းကွင်း ဗျုဟာစခန်းတိုက်ခိုက်ခံရပြီး အနီးတဝိုက်ကရွာတွေ ဗုံးကြဲတိုက်ခိုက်တာခံခဲ့ရပါသေးတယ်။

အနန်းကွင်းကျေးရွာနဲ့အနီးတဝိုက်ကရွာတွေမှာတော့ လက်နက်ကြီးနဲ့လေကြောင်းရန်ကြောင့် ကျေးရွာ ၅ ရွာထက်မနည်းက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး