Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ လေကြောင်း တိုက်ခိုက်၍ သေဆုံးခဲ့သည့် အကျဉ်းသားရုပ်အလောင်းများ မှတ်တမ်း AA ထုတ်ပြန်

ဒဏ်ရာရ စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို AA ​ဆေးတပ်ဖွဲ့က​ဆေးကုသ​ပေးစဥ်။ ဓါတ်ပုံ- AA Info Desk

ရှိုင်း/People’s Spring

ရက္ခိုင့်တပ်တော်(AA)ကမောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပါအဝင် အကျဉ်းသားများ ထားရှိရာ မောင်တော်မြို့ (၄)မိုင် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၂) ကို စစ်ကောင်စီလေတပ်က လေကြောင်း တိုက်ခိုက်ခဲ့ရာတွင် သေဆုံးထိခိုက်ခဲ့သည့် အကျဉ်းသားများ၏ ရုပ်အလောင်းများ မှတ်တမ်းနှင့် ဒဏ်ရာရ အကျဉ်းသားများအား AAက ဆေးကုသပေးနေသည့် မှတ်တမ်းကို ယနေ့ (စက်တင်ဘာ ၁၁) ထုတ်ပြန်လိုက်သည်။

စစ်​ကောင်စီတပ်က စက်တင်ဘာ ၉ ရက်ညတွင် ဗုံံးကြဲမှု​ကြောင့် AA အချုပ်ခန်း အတွင်းမှ စစ်​ကောင်စီတပ်ဖွဲ့ဝင်နှင့် ဘက်​တော်သားများ​ သေဆုံးရုပ်အ​လောင်းများ။ ဓါတ်ပုံ- AA Info Desk

စစ်ကောင်စီသည် စက်တင်ဘာ ၉ ရက်ညတွင် တိုက်လေယာဉ် ၂စီးဖြင့် နခခ-၂ ကို လာရောက်တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းများနှင့် တခြားအကျဉ်းသားများအား ခေတ္တထိန်းသိမ်းထားသည့်နေရာ ကို ထိမှန်ပြီး အကျဉ်းသား ၅၀ ကျော်သေဆုံးခဲ့သည်ဟု AAက အသိပေးသည်။

အဆိုပါ အကျဉ်းသားများကို မောင်တောမြို့သိမ်းတိုက်ပွဲ၌ ဖမ်းမိထားခြင်းဖြစ်ပြီး လိုအပ်သည့် အချက်အလက်များ စိစစ်မေးမြန်းရန် အချုပ်ခန်းထဲ ထည့်ထားစဉ် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ဟု မှတ်တမ်းရုပ်သံတွင်AA တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“တချို့ကို အလောင်းရှာရပြီး တချို့ကျ အစအန သာတွေ့ရှိပါတယ်။ စစ်ကောင်စီ ပစ်လိုက်တဲ့ ဂျက်တိုက်လေယာဉ်က ပစ်လိုက်တဲ့ ဗုံးသီး အချုပ်ခန်းတည့်တည့်ကို ကျပြီး အချုပ်ခန်း တည့်တည့်အထဲမှာ ပေါက်ကွဲ သွားတာဖြစ်ပါတယ်။ ဒီလိုပေါက်ကွဲမှုကြောင့် လူတွေအများကြီး သေဆုံးသွားတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်​ကောင်စီတပ်က စက်တင်ဘာ ၉ ရက်ညတွင် ဗုံံးကြဲမှု​ကြောင့် AA အချုပ်ခန်း အတွင်းမှ စစ်​ကောင်စီတပ်ဖွဲ့ဝင်နှင့် ဘက်​တော်သားများ​ သေဆုံးရုပ်အ​လောင်းများ။ ဓါတ်ပုံ- AA Info Desk

ထို့အပြင်ဒဏ်ရာရ အကျဉ်းသားများအား ဆေးကုသမှု ပေးနေသည့် ရုပ်သံမှတ်တမ်းကိုလည်း ဖော်ပြခဲ့ရာ AA ကျန်းမာရေးဝန်ထမ်း ရဲဘော်များက ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်နေသည်ကို တွေ့ရသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်ခဲ့သည့် အကျဉ်းသားများထဲတွင် မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်​ကောင်စီတပ်မှစစ်သုံ့ပန်းများ၊ ARSA ၊ RSO အကြမ်းဖက် မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသင်တန်းဆင်း မူဆလင်လက်နက်ကိုင်များ၊ စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ ၎င်းတို့လေ့ကျင့်ထားသော သတင်းပေးများ၊ULA/AA အဖွဲ့အစည်း နှင့် ရက္ခိုင့်အမျိုးသားတော်လှန်ရေးကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးရန် ကြိုးစားအားထုတ်၍ ဖမ်းဆီးစစ်ဆေးနေသောသူများ၊ ALP နှင့် ဆက်စပ်နေသောသူများ နှင့် သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသောသူအချို့ ပါဝင်သည်ဟု AAက ထုတ်ပြန်သည်။

စစ်ကောင်စီအနေဖြင့် စက်တင်ဘာ ၈ရက်ကလည်း ပေါက်တောမြို့နယ်ရှိ AA၏ အကျဉ်းစခန်းနေရာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အရာရှိ စစ်သုံ့ပမ်းအပါအဝင် သုံ့ပမ်း ၇ ဦး၊ အရပ်သား ၁၀ ဦး သေဆုံးခဲ့​သေးသည်။

စစ်ကောင်စီက အကျဉ်းသားများအား ပစ်မှတ်ထား တိုက်ခိုက်မှုသည် စစ်ကောင်စီတပ်၏ စစ်ရာဇဝတ်မှု ကျူးလွန်သည့် လုပ်ရပ်များအား ဖုံးဖိရန် စစ်သုံ့ပမ်းများကိုနှုတ်ပိတ်ခြင်းဖြစ်နိုင်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

ဒဏ်ရာရ စစ်​ကောင်စီတပ်ဖွဲ့ဝင်များကို AA ​ဆေးတပ်ဖွဲ့က​ဆေးကုသ​ပေးစဥ်။ ဓါတ်ပုံ- AA Info Desk

“အဓိက စစ်သုံ့ပမ်းတွေထားတဲ့နေရာတွေ၊ စစ်သုံ့ပမ်းတွေကိုဆေးကုသပေးနေတဲ့ ဆေးကုသရေး စင်တာတွေကို စစ်ကောင်စီက ပစ်မှတ်ထားပြီးတော့မှ အခုလိုမိုးတိုက်ခိုက်လာနေတာက သူတို့ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ နောက် လူသားမျိုးနွယ်အပေါ် ကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် အဓိက သက်သေထွက်ဆိုနိုင်တဲ့ စစ်သုံ့ပမ်း အရာရှိကြီးတွေ စစ်သုံ့ပမ်းတွေ အဲဒါတွေကို သူတို့ လုံး၀အစဖျောက်နှုတ်ပိတ်ချင်တဲ့အတွက်ကြောင့်မို့လို့ အခုလိုစစ်သုံ့ပမ်းတွေ ထားတဲ့နေရာတွေကို လိုက်လံ ပစ်ခတ်သတ်ဖြတ်နေတာလည်း ဖြစ်နိုင်တယ်လို့တော့ သုံးသပ်လို့ရတာပေါ့” ဟု ဦးခိုင်သုခက People’s Spring သို့ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး