Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်-မန္တလေး ရထားခရီးစဉ် ယာယီရပ်‌ဆိုင်း

နိုင်ငံတစ်ဝန်းမိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရန်ကုန်-မန္တလေး ရထားလမ်းပေါ်ရှိတံတားတစ်စင်း သံဘောင်များပြုတ်ထွက်ခဲ့သဖြင့် ရန်ကုန်-မန္တ​လေး ခရီးစဉ်ကို ယ​နေ့( စက်တင်ဘာ ၁၁ ရက်)မှ၍ ယာယီရပ်နားထားကြောင်း သတင်းရရှိသည်။

(ရေကြီးပြီးတံတား သံ​ဘောင်များပြုတ်ထွက်ပြီး​ရေထဲပြုတ်ကျ​နေစဥ်။ဓါတ်ပုံ-CJ

ရောင်နီ / People’s Spring

နိုင်ငံတစ်ဝန်းမိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရန်ကုန်-မန္တလေး ရထားလမ်းပေါ်ရှိတံတားတစ်စင်း သံဘောင်များပြုတ်ထွက်ခဲ့သဖြင့် ရန်ကုန်-မန္တ​လေး ခရီးစဉ်ကို ယ​နေ့( စက်တင်ဘာ ၁၁ ရက်)မှ၍ ယာယီရပ်နားထားကြောင်း သတင်းရရှိသည်။

အဆိုပါတံတားသည် ပျော်ဘွယ်မြို့နယ်အတွင်း၌ ရှိပြီး တံတားကို ထိန်းထားသည့် ဘောင်များ ရေတိုက်စားကာ ပြုတ်ထွက်သွားသောကြောင့် ရထားပြေးဆွဲခြင်းကို ရပ်နားခြင်းဖြစ်ကြောင်း မီးရထားဝန်ထမ်းတစ်ဦးကပြောသည်။

(ရေကြီးပြီးတံတား သံ​ဘောင်များပြုတ်ထွက်ပြီး​ရေထဲပြုတ်ကျ​နေစဥ်။ဓါတ်ပုံ-CJ

“ ခရီးစဉ်တွေဖျက်ထားတယ်။ ဘယ်ရက်ပြန်ထွက်မယ်‌ဆိုတာ မသိ‌ရသေးဘူး။ ” ဟု မြန်မာ့မီးရထားမှ ဝန်ထမ်းတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ရန်ကုန် မှ မန္တလေး သို့ နံနက် ၅ နာရီ အချိန် ၌အမြန်ရထားပြေးဆွဲလျက်ရှိပြီး ‌သောကြာ နှင့် တနင်္ဂ‌နွေနေ့များတွင် နံနက် ၉နာရီခွဲ၌ အထူးအမြန်ရထား ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ဖွင့်လှစ်ထားတာ မကြာလှသေးတဲ့ တံတားတစ်စင်း ကျိုးပြီး မြစ်ထဲ ပြုတ်ကျသွားခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာပေါ်မှာ အမြင့်ဆုံးအဖြစ် စံချိန်တင်မယ့် တံတားအသစ်ကို တရုတ်နိုင်ငံမှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံနဲ့ ရုရှားထိန်းချုပ်ထားရာ ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို ဆက်သွယ်ထားတဲ့ တံတားကြီးကို ယူကရိန်းက ရေအောက်မှာ ဖောက်ခွဲပြီး တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၌ သံလွင်မြစ်ကိုဖြတ်၍ က ရင်နီပြည်နယ်ဘက်သို့ ချိတ်ဆက်မည့် တံတားတစ်စင်းကိုစစ်ကောင်စီကတည်ဆောက်နေကြောင်း ထိုင်းသတင်းဌာနက Khaosod English က ဖော်ပြ သည်။