Connect with us

Hi, what are you looking for?

သတင်း

ရခိုင် ၊ ရန်ုကုန်အပါအဝင်တိုင်းနှင့်ပြည်နယ်ခြောက်ခု မိုးဆက်ကြီးနိုင်၍ ရေဘေးသတိပြုရန် NUG သတိပေး

ရခိုင်ပြည်နယ်တွင် ယ​နေ့(စက်တင်ဘာ ၃)မှစ၍ သုံးရက်ဆက်မိုးကြီးနိုင်ပြီး လတ်တလောရာသီဥတုအခြေအနေအရ ရန်ကုန်တိုင်း၊ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ခြောက်ခု၌ ရေဘေးအန္တရာယ်ကြီးမားနေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန(MOHADM)က သတိပေးသည်။

ရမည်းသင်းမြို့နယ်အတွင်းရှိ ​ကျေးရွာတစ်ရွာတွင် ​ရေကြီး​ပြီး ​နေအိမ်တစ်လုံးပြို​နေစဥ်။ဓါတ်ပုံ-သန်းမင်း​ကျော် ပရဟိတ အဖွဲ့

မိထက်/People’s Spring

ရခိုင်ပြည်နယ်တွင် ယ​နေ့(စက်တင်ဘာ ၃)မှစ၍ သုံးရက်ဆက်မိုးကြီးနိုင်ပြီး လတ်တလောရာသီဥတုအခြေအနေအရ ရန်ကုန်တိုင်း၊ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ခြောက်ခု၌ ရေဘေးအန္တရာယ်ကြီးမားနေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန(MOHADM)က သတိပေးသည်။

ရခိုင်ပြည်နယ်တွင် စက်တင်ဘာလ ၁၃ ရက်မှ ၁၅ရက်အထိ သုံးရက်ဆက် မိုးကြီးနိုင်ပြီး အဆိုပါကာလအတွင်း မကွေးတိုင်း၊ မန္တလေးတိုင်းအောက်ပိုင်း၊ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် မိုးကြီးခြင်းနှင့်အတူ မြို့ပြရေကြီးခြင်း၊ လျှပ်တစ်ပျက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများကို အထူးသတိထားရန် MOHADMကစက်တင်ဘာလ ၁၂ရက်တွင် သတိပေးချက်ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာလ (၁၃)ရက်တွင် ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့် အောက်ပိုင်း၊မန္တလေးတိုင်းအောက်ပိုင်း၊မကွေးတိုင်းအောက်ပိုင်း နှင့် ပဲခူးတိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ရခိုင်ပြည်နယ် နှင့် ပဲခူးတိုင်းတို့ရှိ နေရာအချို့တွင် တနေ့တာအတွင်း မိုးရေချိန်စုစုပေါင်း ၈ လက်မမှ ၁၀ လက်မ)အထိ ရွာသွန်းနိုင်သည်ဟု သတိပေးထားသည်။

စက်တင်ဘာလ (၁၄)ရက်နေ့တွင် ရခိုင်ပြည်နယ် နေရာအနှံ့အပြားနှင့် ပဲခူးတိုင်းနေရာ အတော်များများတွင် မိုးထစ်ချုန်းရွာသွန်းပြီး နေရာကွက်၍ မိုးကြီးနိုင်​ကြောင်းသိရသည်။ ချင်းပြည်နယ်၊ စစ်ကိုင်း တိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါသည်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် နေရာကျဲကျဲမိုးရွာသွန်း နိုင်ပါသည်။ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် မိုးကြီးခြင်းနှင့်အတူ မြို့ပြရေကြီးခြင်း၊ လျှပ်တစ်ပျက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများကို အထူးသတိ ထားသင့်​ကြောင်း​ဖော်ပြထားသည်။

အလားတူ စက်တင်ဘာလ (၁၅)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ ပဲခူးတိုင်း၊ မကွေးတိုင်းအရှေ့ခြမ်းနှင့်မန္တလေးတိုင်း ၊ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ကရင်ပြည်နယ် ၊ ရှမ်းပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။ ကျန်ဒေသများတွင် နေရာကွက်ကျား မိုးရွာသွန်းနိုင်ပါသည်။ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းအောက်ပိုင်း၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် မိုးကြီးခြင်းနှင့်အတူ မြို့ပြရေကြီးခြင်း၊ လျှပ်တစ်ပျက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများကို အထူးသတိထားသင့်​ကြောင်း သတိပေးထားသည်။

ယခုအခါ စက်တင်ဘာ ဒုတိယပါတ်မှစ၍ ယာဂီမုန်တိုင်းအကျွင်းအကျန် တိမ်စိုင်များ​ကြောင့် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်တို့ရှိ မြို့အများအပြား၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေဘေးကြုံတွေ့နေသည်။ မန္တလေးတိုင်းအတွင်း မြစ်သား၊ ဝမ်းတွင်းမြို့၊ ပဲခူးတိုင်းအတွင်း တောင်ငူ၊ ရေတာရှည်မြို့တို့တွင် ရေဘေးအရေးပေါ်အခြေအနေ ရင်ဆိုင်နေရသည်။ ကရင်ပြည်နယ် ဘားအံမြို့တွင်လည်း သံလွင်မြစ်ရေတက်ပြီး ရေကြီးနေသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေများအတွင်း မွတ်ဆလင်များအပါအဝင် စစ်ဘေးရှောင် အရေအတွက်မှာငါးသိန်းကျော်ရှိနေသည်။ ပြီးခဲ့သည့်မေလကလည်း ရခိုင်ပြည်နယ်တွင် ရေဘေးကြုံတွေ့ခဲ့ပြီး ရေဘေးစစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့်လူသုံးကုန်ပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်း AA ကမေလ ၂၄ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

မိုးရာသီရောက်တိုင်းရေဘေးနဲ့မြေပြိုမှုဘေးရင်ဆိုင်နေရတဲ့ကချင်ပြည် နယ်၊ဖားကန့်မြို့နယ်မှာသုံးရက်ခန့်မိုးကြီးပြီးတဲ့နောက်ဒီကနေ့(ဇွန်လ ၁၄ရက်)မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ရေဘေးကြုံတွေ့နေရပါတယ်။