Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတဝန်း ရေဘေးကြုံနေရချိန် စစ်ကောင်စီက နောင်ချိုကို ​ပေါင် ၅၀၀ ဗုံးကြဲ

နိုင်ငံတဝန်း ရေဘေးရင်ဆိုင်နေရချိန် စစ်ကောင်စီတပ်က တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် နယ်မြေများကို လေကြောင်း တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိရာ ယနေ့ (စက်တင်ဘာ ၁၄ရက်) နေ့လည်တွင်လည်း နောင်ချိုမြို့ကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးဖြင့်လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

စစ်​ကောင်စီ ဗုံးကြဲပြီး​နောက် အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ- TNLA

ဟန်နွေ/People’s Spring

နိုင်ငံတဝန်း ရေဘေးရင်ဆိုင်နေရချိန် စစ်ကောင်စီတပ်က တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားသည့် နယ်မြေများကို လေကြောင်း တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လျက်ရှိရာ ယနေ့ (စက်တင်ဘာ ၁၄ရက်) နေ့လည်တွင်လည်း နောင်ချိုမြို့ကို ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးဖြင့်လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

နောင်ချိုမြို့၊ သပြေရပ်ကွက်တွင် စစ်ကောင်စီတပ်မှ ပြည်သူလူထုများအား ဦးတည်ကာ လေကြောင်းအသုံးပြု တိုက်ခိုက်ခဲံခြင်းအပြင်ရော့ကတ်ဒုံးများဖြင့် ပစ်ခတ်ခဲ့၍ အမျိုးသမီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချခဲ့ရာ တစ်လုံးသာပေါက်ကွဲခဲ့သလိုရော့ကတ်ဒုံးဖြင့် (၈)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လည်း ဖော်ပြသည်။

ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့လူနေရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အဆောက်အဦး ထိခိုက်ပျက်စီးခဲ့ရဟုဆိုသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၃ ရက်ကလည်း နောင်ချိုမြို့ကို လေကြောင်းမှ ဗုံး ၁၃လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ လူနေအိမ်များ ပျက်စီးခဲ့သည်။

စစ်ကောင်စီတပ်သည် မြန်မာနိုင်ငံတဝှမ်းတွင် ရေဘေးအန္တရာယ်ရင်ဆိုင်နေရသည့်အချိန် PSLF/TNLA အုပ်ချုပ်နေသည့် မြို့များဖြစ်သည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့များအပြင် နိုင်ငံအရပ်အရပ်ရှိ စစ်ရှောင်စခန်းများ၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကိုးကန့်နယ်အတွင်းရှိ အရပ်သားပစ်မှတ်များဦးတည်ကာ လူအများအပြားသေစေနိုင်သည့် ပေါင်(၅၀၀)ဖြင့် နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေကြောင်း TNLAက ထုတ်ပြန်သည်။

စစ်​ကောင်စီ​ဝါဒဖြန့် တယ်လီဂရန်များက ​တော်လှန်​ရေးတပ်များစိုးမိုးနယ်​မြေများကို ဗုံးကြဲရန် လှုံ​ဆော်​ရေးသားကြသည်ကိုလည်း​တွေ့ရသည်။

TNLAနှင့် စစ်ကောင်စီတပ်သည် နောင်ချိုမြို့နယ် တောင်းခမ်းရွာအနီးဝန်းကျင်တွင် တစ်လ​​ကျော်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ တောင်ခမ်း အခြေစိုက် စစ်ကောင်စီအမြောက်တပ်များကို TNLAက သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်ခဲ့ရာ ဩ

ဂုတ် ၂၈ရက်တွင် အမတ (၂၀၆)၊ အမတ(၄၀၆) တပ်ရင်းများကို သိမ်းပိုက်ရရှိထားပြီး မစခ(၉၀၂) တပ်ရင်းကိုသိမ်းပိုက်နိုင်ပြီဟုသတင်းများထွက်​ပေါ်​နေသည်။

အမတ ၃၅၄ တပ်ရင်း သိမ်းနိုင်ရေး ဆက်လက် တိုက်ခိုက်​နေရာ တိုက်ပွဲများပြင်းထန်​နေ​ကြောင်းသိရသည်။

လေကြောင်း တိုက်ခိုက်မှု၊ တောင်ခမ်းဒေသ စစ်ရေး အခြေအနေများကို မေးမြန်းရန် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ယနေ့ညပိုင်း၌ ဆက်သွယ်ထားပြီး အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။