Connect with us

Hi, what are you looking for?

သတင်း

သံလွင်မြစ်ကမ်းတလျောက်က ရွာတွေ ရေဘေးကယ်ဆယ်ရေး လိုအပ်နေ

ကရင်ပြည်နယ် မြို့တော် ဘားအံအပါအဝင် သံလွင်မြစ်ကမ်းတလျှောက်က ရွာတွေ အားလုံးနီးပါး ဆိုးဆိုးရွားရွားရေနစ်မြှုပ်နေပြီး အရေးပေါ် ရွှေ့ပြောင်းပေးဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတင်းသတင်းရင်းမြစ်တွေထံကသိရပါတယ်။

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် မြို့တော် ဘားအံအပါအဝင် သံလွင်မြစ်ကမ်းတလျှောက်က ရွာတွေ အားလုံးနီးပါး ဆိုးဆိုးရွားရွားရေနစ်မြှုပ်နေပြီး အရေးပေါ် ရွှေ့ပြောင်းပေးဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတင်းသတင်းရင်းမြစ်တွေထံကသိရပါတယ်။

ဒီနေ့ စက်တင်ဘာလ ၁၄ ရက်မှာဆိုရင် သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ စံချိန်တင်အနေ နဲ့ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၇ ပေ အထိ ကျော်လွန်ရောက်ရှိလာတာကြောင့် ဘားအံမြို့ပေါ် အားလုံးနီးပါး ရေဘေးကြုံနေရတာပါ။

Public Service Announcement

Public Service Announcement

သံလွင်မြစ်ဘေး လှိုင်းဘွဲ့မြို့နယ်ထဲက ရွှေဂွန်း ၊ မြိင်ကြီးငူ ကျေးရွာကြီးတွေအပြင် ကမမောင်းမြို့ ပေါ်ရပ်ကွက်တွေနဲ့ ရွာတွေမှာလည်းရေနစ်မြှုပ်မှု ဆိုးရွားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိအခြေအနေမှာ နှစ်ထပ်အိမ်တွေဆိုရင် အိမ်အပေါ်ထပ်ထိ ရေရောက်လာပြီး ရေပတ်လည်ဝိုင်းလာတာကြောင့် ပိတ်မိနေသူတွေ အများအပြား ရှိနေပေမယ့် ကူညီကယ်ဆယ်ရေး မလုံလောက်ဘူးလို့ သိရပါတယ်။

ပိတ်မိနေသူတွေထဲမှာကလေးငယ်တွေ ၊ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ နဲ့သက်ကြီးရွယ်အိုတွေပါ ပါဝင်နေပြီး ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေးအဖွဲ့တွေကိုသာ အားထားနေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကဆိုပါတယ်။

ရေဘေးကြောင့် ဘားအံ-ဇာသပြင်-မော်လမြိုင် လမ်း၊ ဘားအံ-ရွှေဂွန်း-မြိုင်ကြီးငူ(လှိုင်းဘွဲ)လမ်း၊ ဘားအံ-မြိုင်ကလေး-သထုံကားလမ်းတွေ ဖြတ်သန်းသွားလာလို့မရတော့ပါဘူး။

စစ်ကောင်စီထိန်းချုပ်ထားတဲ့မိုးဇလရဲ့ ဒီနေ့ ထုတ်ပြန်ချက်အရ ဘားအံမှာ သံလွင်မြစ်ရေဟာ နောက်ရက်မှာလည်း လက်ရှိထက် တစ်ပေခန့် ထပ်မြင့်တက်နိုင်သေးတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်